iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ရဲ့အချစ်ရေးဟာ အဆိပ်သင့်တဲ့ အချစ်ရေးမျိုးလား။ သင့်အတွက် နာကျင်မှုတွေကိုသာ သယ်ဆောင်လာခဲ့တဲ့ အချစ်ရေးမျိုးလား။ ပျော်ရွှင်ရမယ့်အစား နာကျင်နေရတယ်၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိနေရမယ့်အစား သင်္ကာမကင်းဖြစ်မှုတွေနဲ့ အလိမ်အညာတွေပဲ ရနေတာမျိုးလား၊ သင်ပေးဆပ်ထားတာနဲ့ မတန်တဲ့အရာတွေကို သင်ရရှိနေပြီလား။  နောက်ထပ် ပိုတိကျတဲ့ မေးခွန်းလေးတွေ မေးပါဦးမယ်။ ဒီမေးခွန်းတိုင်းကို သင်က ဟုတ်တယ်ဆိုတာချည်းပဲ အဖြေရနေရင်တော့ သင့်အချစ်ရေးဟာ အဆိပ်သင့်နေတဲ့ အချစ်ရေးမျိုးပေါ့။

၁။နှစ်ဦးသားဆက်ဆံရေးဆိုပေမယ့် သူကချည်း ဦးဆောင်ပြီး ကိုယ်က ခေါင်းပဲညိမ့်နေရတဲ့ အနေအထားမျိုးပါ။

၂။သင့်ဘက်က အရာရာကို လိုက်လျောသည်းခံပြီး အချစ်ရေးပိုကောင်းမွန်အောင် ကြိုးစားနေပေမယ့် တစ်ဘက်ကတော့ ဒါကိုဘယ်တော့မှ ခေါင်းထဲမထည့်ဘူး။ နေချင်သလို နေတယ်၊ လုပ်ချင်ရာလုပ်တယ်။

၃။အမြဲတမ်းလိုလို ငါ ရည်းစားမထားတာမှ ကောင်းဦးမယ်လို့ တွေးမိနေတယ်။

၎။ ဒီအချစ်ဟာ အလကားပဲ။ ငါ့အတွက် မထိုက်တန်ဘူး။ ငါဟာ ဒီ့ထက်ကောင်းတဲ့လူ၊ သင့်တော်တဲ့လူရှာသင့်နေပြီလို့ တွေးမိနေတယ်။

၅။အကြိမ်ပေါင်းများစွာ လိမ်ညာခံခဲ့ရဖူးပြီ။

၆။တစ်ဖက်သတ် ပြသနာရှာတာတွေချည်း လိုက်ဖြေရှင်းနေရတယ်။

၇။တစ်ဖက်သားကို မလေးမစား ဆက်ဆံတတ်တဲ့သူ၊ ပြောဆိုတတ်တဲ့သူနဲ့ ချစ်သူဖြစ်နေရလို့ စိတ်ဆင်းရဲနေရတယ်။

ကဲ အပေါ်ကအချက်တွေတော်တော်များများဟာ သင်နဲ့ကိုက်ညီနေပြီဆိုရင်တော့ သူတို့နဲ့ ပြောဆို ဆက်ဆံတဲ့အခါ ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာလေး ဆက်ပြောပြချင်ပါတယ်။

စိတ်ရှည်ပါ။

သူတို့နဲ့စကားများ၊ ငြင်းခုံတာမျိုးတွေဖြစ်ပြီဆိုရင် ကိုယ့်ဘက်က မှားမှား၊ မှန်မှန် အော်ဟစ်ပြောဆိုတာမျိုး၊ ဆတ်ဆတ်ထိ မခံတာမျိုးတွေ မဖြစ်အောင် ဂရုစိုက်ပါ။ ကိုယ့်ဘက်က စိတ်ရှည်ရှည်ထားပြီး ကိုယ်သိချင်တာ၊ ပြောချင်တာကို ပြောဆိုနိုင်ဖို့ ကြိုးစားပါ။ အထူးသဖြင့် ကိုယ့်အခြေအနေကို ကြည့်ပြီး သူုတို့အရှက်ရသွားပါလိမ့်မယ်။ ဒါမှမဟုတ်လည်း သူတို့ကိုယ့်အပြုအမူကြောင့် ဘာဖြစ်သွားတာလည်း ဆိုပြီး အူကြောင်ကြောင်ဖြစ်သွားပါလိမ့်မယ်။ သိချင်တာကို သေသေသပ်သပ်လေး သွယ်ဝိုက်မေးပါ။



သူစိတ်တည်ငြိမ်သွားအောင် သင့်ဘက်က ကြိုးစားပါ။

စကားပြောနေတုန်း သင့်ချစ်သူကို ပိုသက်တောင့်သက်သာဖြစ်အောင်၊ ပိုတည်ငြိမ်သွားအောင် လုပ်ဖို့ ကြိုးစားပါ။ ဒါမှသာ စကားဆက်ပြောနိုင်မှာပါ။



"ငါ"ဆိုတဲ့ ကိုယ့်အမှန်ချည်း လှိမ့်ပြောဆိုတာမျိုးရှောင်ပါ။

ကိုယ်မှန်နေရင်တော့ ငါကတော့ ဘယ်လို၊ နင်ကတော့ ဘယ်တော့မှ၊ အမြဲတမ်း စသဖြင့် တိုက်ခိုက်တဲ့ပုံမျိုး မဖြစ်အောင်ပြောပါ။ ဆဲဆိုတာမျိုးတွေအထိ မဖြစ်ပါစေနဲ့။ အထူးသဖြင့် ကိုယ်မှန်ကြောင်း သက်သေပြနိုင်အောင် ဖြည်းဖြည်းချင်းပြောဆိုပါ။



တကယ်လို့များ ကိုယ့်ဘက်က ညှိုညှိုနှိုင်းနှိုင်း ပြောဆို ဆက်ဆံနေရက်နဲ့ သူ့ဘက်က အချိုးပြောင်းမလာဘူး၊ ဆက်လိမ်ညာမယ်၊ ပြသနာတွေ တက်နေမယ်ဆိုရင်တော့ သူတို့ကို နောက်ဆုံးအကြိမ် ပြန်လည်စဉ်းစားဖို့ လိုက်ပါတော့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top