iMyanmarHouse.com - Best Property Website for Myanmar
×










တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီး နမ်ဆန်းမီသည် လာမည့်နှစ်ဆန်းပိုင်းတွင် လက်ထပ်တော့မည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ JR Entertainment က နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

‘‘သရုပ်ဆောင်မင်းသမီး နမ်ဆန်းမီက ၂၀၁၅ ဇန်န၀ါရီ ၂၄ ရက်မှာ မင်္ဂလာပွဲဆင်နွှဲမှာဖြစ်ပါတယ်။ သူနဲ့သက်တူရွယ်တူ အမျိုးသားနဲ့လက်ထပ်မှာပါ။ အဲဒီအမျိုးသားက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပဲဖြစ်ပါတယ်။ ၂၀၁၃မှာ နှစ်ဖက် သူငယ်ချင်းတွေ မိတ်ဆက်ပေးတာကတစ်ဆင့် စတင်ဆုံစည်းခဲ့တာပါ။ နှစ်ဖက်မိသားစုလည်းတွေ့ပြီးသွားကြပါပြီ’’ ဟု  အေဂျင်စီက ပြောသည်။

‘‘မင်္ဂလာပွဲကို ဆိုးလ်မြို့စွန်က ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အကျဉ်းချုံးပဲ ပြုလုပ်သွားမှာပါ’’ ဟု အေဂျင်စီက ပြောသည်။

နမ်ဆန်းမီသည် အိမ်ထောင်ပြုပြီးနောက်တွင်လည်း အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်သွားမည်ဟု အေဂျင်စီက ထပ်လောင်းပြောကြားသည်။

အသက် (၃၀) အရွယ် နမ်ဆန်းမီသည် Sweet Spy ၊ Time Between Dog and Wolf၊ God-dess of Marriage ဒရာမာ ဇာတ်လမ်းတွဲများဖြင့် နာမည်ကျော် ကြားခဲ့သူဖြစ်သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top