iMyanmarHouse.com - Best Property Website for Myanmar
×











''ငှက်ဆိုတာ ပျံရင်းနဲ့ သေတယ်။ လူဆိုတာ ကြံရင်းနဲ့ သေကြရတယ်'' ဆိုသကဲ့သို့ ကြံရင်း ဖန်ရင်း၊ အလုပ်လုပ်ရင်းနှင့် ဘဝတွင် ရှင်သန်နေကြရသည်။ ထိုအခါ လုပ်ငန်းခွင် မတော်တဆမှုများမှ  သွေးထွက် တတ်ပါသည်။

သွေးထွက်သံယို ဖြစ်ခြင်း သွေးသားနှင့် ဖွဲ့စည်းထားသော လူ့ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာ ရလျှင် သွေးထွက်တတ်သည်။ လူသားတိုင်း သွေးထွက်သံယို ဖြစ်ခြင်းကို ကြုံခဲ့ဖူးသော်လည်း ကံအကြောင်းမလှ သူတို့အဖို့ သွေးလွန်ပြီး သေဆုံးကြရသည်။ မတော်တဆမှု ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် သေဆုံးသည့် လူဦးရေသည် ကူးစက်နိုင်သော ရောဂါများကြောင့်  သေဆုံးရသည့် အရေအတွက်ကိုပင် အမီလိုက်နေကြောင်း တွေ့ရသည်။ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရ၍သွေးထွက်ခဲ့လျှင် သွေးထွက် မလွန်အောင် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းက အရေးကြီးသည်။ ပွန်းပဲ့ အနာတရ ဖြစ်မှုများကို ဆေးထည့်ပေးရမည်။ သွေးထွက် မလွန်စေရန် ဆရာဝန်နှင့်  ပြရမည်။ ပွန်းပဲ့ခြင်း ပွန်းပဲ့သည့် နေရာကို အညစ်အကြေးများ စင်အောင်  ရေ၊  ဆပ်ပြာစသည်တို့နှင့် ဆေးကြောပါ။ ခြောက်သွေ့အောင် အဝတ်သန့်သန့်ဖြင့် ညင်သာစွာ သုတ်ပေးရပါမည်။

ရောဂါပိုး သေစေနိုင်သော အရက်ပြန်၊ ဆာဖာဒင်၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုက် အရည်နှင့် ဆေးကြော ပေးရမည်။ စီထရန် အမှုန့်ထည့်ပေးရမည်။ ပတ်တီး စည်းပေးရမည်။ ဒဏ်ရာ မကြီး၍ သွေးသိပ် မထွက်လျှင် ရိုးရိုးပတ်တီး စည်းနိုင်ပြီး မြန်မြန်ကျက်အောင်၊ ပိုးမဝင်အောင်  ပိုးသတ် ပဋိဇီဝဆေးနှင့် အကိုက်အခဲ ပျောက်ဆေး သောက်သင့်သည်။ အနာကို  ဖုန်သိပ်ခြင်းနှင့် အနာပေါ်သို့ နနွင်းမှုန့် ထည့်ပေးခြင်း မလုပ်သင့်ပါ။ မေးခိုင် ရောဂါရနိုင်သည်။ ရှခြင်း၊ ပေါက်ခြင်း ဒဏ်ရာရထားသည့် အပေါက် သေးငယ်လျှင် ပွန်းပဲ့ခြင်းလို ပြုစုပေးနိုင် ပါသည်။ အပေါက်ကြီး၍ သွေးတိတ်အောင် မလုပ်နိုင်လျှင် မိသားစု ဆရာဝန်ထံပြပါ။ သွေးထွက် မလွန်စေရန် ခြေ၊ လက်လှုပ်ရှားမှု နည်းနိုင်သမျှ အနည်းဆုံးနှင့် ဆရာဝန်ထံသို့ အမြန်ဆုံး အရောက် သွားသင့်ပါသည်။ အချို့ သွေးမတိတ်လျှင် လက်မောင်း၊ ပေါင်ခြံတို့၌ ကြိုးချည်ထားပါ။ အရေးအကြီးဆုံးမှာ ဒဏ်ရာရသူကို မလန့်အောင် အားပေးရန်နှင့် သွေးတိတ်

အောင် တတ်နိုင်သမျှ ပြုစုပေးပြီး ဆရာဝန်ထံ ခေါ်သွားရပါမည်။ ပါးစပ်နှင့်လျှာတွင် ထိခိုက်ဒဏ်ရာ ရပါက သွေးထွက်လွန် တတ်သဖြင့် ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားပြသင့်ပါသည်။ လူနာမကြောက် လန့်အောင်၊ စိတ်သက်သာအောင်   အားပေးရန်လည်း လိုပါသည်။ သွေးထပ်မံ မထွက်စေရန်ဂွမ်း၊  အဝတ်စစသည်ဖြင့် ဖိထားရမည်။

သွားများမှ သွေးထွက်ခြင်း ထိခိုက်ဒဏ်ရာ ဖြစ်ကာ သွားနဲ့၊ သွားကျိုးခြင်း၊ သွားအခေါင်းမှ သွေးထွက်ခြင်းနှင့် သွားများမှ သွေးထွက်ခြင်းဖြစ်သော် မိသားစု ဆရာဝန်၏  အကြံပေးချက် အရ သွားဆရာဝန်နှင့် ပြသင့်လျှင် ပြရပါမည်။ အနာဝကို ဂွမ်း သို့မဟုတ် ပက်တီးဖြင့်ဖိပြီး ကိုက်ထား ရပါမည်။ ရေနှင့် ပလုတ်ကျင်းပြီး ပြန်ကိုက်ရမည်။ ယင်းအပေါ်မှ အဝတ်  သို့မဟုတ် ပတ်တီးထပ် ပိုးပြီးကိုက်ကာ ဆရာဝန်ထံ ခေါ်သွားရမည်။ ခေါင်းကို လှဲထား ရပါမည်။ ဆရာဝန်က သွေးပေါင်ချိန် စမ်းသပ်ပြီး သွေးများထွက်ပါက သွေးတိတ်ဆေး၊ ဗီတာမင်စီ၊ ဗီတာမင်ကေ စသည်ဖြင့် တိုက်ပေးရပါမည်။

Credit : Myawaddy

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top