iMyanmarHouse.com - Best Property Website for Myanmar
×









မျက်လုံးဟာ မျက်နှာကို လှပစေဖို့ များစွာ အထောက်အပံ့ ဖြစ်စေတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ မျက်လုံးက ဖောင်းမို့နေမယ်၊ မျက်လုံးတ၀ိုက် အရေးအကြောင်းတွေ ဖြစ်နေမယ်၊ မျက်ကွင်းတွေ ညိုနေမယ် ဆိုရင် အလှ ပျက်မှာပေါ့။ ဒါကြောင့် မြင်သူတကာ ငေးမောရ လောက်အောင် လှပတဲ့ မျက်ဝန်း ပိုင်ရှင်တွေ ဖြစ်စေဖို့ သဘာဝ နည်းလမ်းလေးတွေနဲ့ လုပ်ဆောင် ကြည့်လိုက်ပါ။

၁။ ထောပတ်သီး

            ပင်ပန်း နွမ်းနယ်မှုဟာ မျက်ကွင်းညိုစေပြီး အရွယ် ကျစေပါတယ်။ ဒါဆိုရင် မျက်ကွင်း တစ်ဝိုက်မှာ ထောပတ်သီးမှည့် (သို့) ထောပတ်သီး၊ ဗာဒံစေ့နဲ့ နွားနို့ အရောကို လိမ်းပေးပါ။ မျက်ကွင်းညိုတာ သက်သာ စေပါတယ်။

၂။ လက်ဖက်

            သဘာဝ ဆိုးဆေး (Tannin) ပါဝင်တဲ့ လက်ဖက်ဟာ မျက်လုံး ဖောင်းအစ်ခြင်းကို လျှော့ချ ပေးပါတယ်။ လက်ဖက်အိတ် နှစ်ထုပ်ကို ရေနွေးထဲမှာ ခဏနှစ်ပြီး ရေခဲသေတ္တာထဲမှာ မိနစ် အနည်းငယ်ကြာ အအေး ခံထားပါ။ ပြီးရင် မျက်လုံး တစ်ဖက်စီမှာ လက်ဖက် တစ်ထုပ်စီ ငါးမိနစ်ကြာ ကပ်ထားပါ။ သင့်မျက်လုံးဟာ ပန်းကလေးလို ပြန်လည် လန်းဆန်း လာပါလိမ့်မယ်။

၃။ ချိုလိမ်

            ကလေး ချိုလိမ် နှစ်ခုကို ရေခဲသေတ္တာထဲမှာ ရေခဲတမျှ အေးစက်တဲ့ အထိ အအေးခံပါ။ ထို့နောက် မျက်လုံးပိတ်ပြီး မျက်ခွံပေါ်တွင် (၁၀) မိနစ်ကြာ တင်ထားပါ။ ထိုအအေးဓာတ်က မျက်လုံးဖောင်း အစ်တာကို လျှော့ကျ စေရုံသာမက မျက်လုံးကို လန်းဆန်း စေပါတယ်။

၎။ စတီးဇွန်း

            စတီးဇွန်း၂ချောင်းကို ရေအေးထဲမှာ မိနစ် အနည်းငယ်ကြာ စိမ်လိုက်ပါ။ ထို့နောက် ဇွန်းခွက်ကို မျက်ခွံပေါ်မှာ စက္ကန့် (၃၀) မှ (၆၀) ထိတင်ထားပါ။ စတီးရဲ့ အေးစက်မှုဓာတ်က နွမ်းနယ်နေတဲ့ မျက်လုံးတွေကို အားဖြည့် ပေးပါတယ်။

၅။ သခွားသီး

            မျက်လုံးတွေ နီရဲပြီး ဖောင်းအစ်နေလျှင် သခွားသီးကို အသုံးပြုပါ။ သခွားသီးကို လှီးပြီး မျက်လုံးတစ်ဖက် တစ်ချက်စီမှာ မိနစ် (၃၀) ကြာကပ်ထားပါ။ သင့်မျက်လုံးတွေ တောက်ပ လန်းဆန်း သွားပါလိမ့်မယ်။              

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top