iMyanmarHouse.com - Best Property Website for Myanmar
×










အိမ်ထောင်ရေး အဆင်မပြေခြင်းသည် နှလုံးကိုပါ တကယ် ကြေကွဲစေ၏။

အထက်ပါ စကားသည် အိမ်ထောင်ရေး အဆင်မပြေခြင်းက နှလုံးအပေါ် ကောင်းဆိုး မည်သို့ သက်ရောက်ကြောင်း လေ့လာထားမှုက သတိပေး ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ငယ်ရွယ်စဉ်မှာ သိပ်မသိသာ၊ အသက် ကြီးလာလေ ပိုသိသာ လာလေ ဖြစ်ကြောင်လည်း လေ့လာမှု စစ်တမ်းက ဆိုသည်။

သက်ကြီးပိုင်းများကို အဓိက မေးမြန်းထားချက် အရ အိမ်ထောင်ရေး အဆင်ပြေသည်ဟု ပြောသော သက်ကြီးပိုင်းများသည် မပြေဟု ပြောသော သက်ကြီးပိုင်းများထက် နှလုံး ကျန်းမာရေး ပိုကောင်းနေကြကြောင်း တွေ့ခဲ့ရသည်။

““အိမ်ထောင်ရေး အကြံပေး လုပ်ငန်းတွေက လူငယ် စုံတွဲတွေ လောက်ကိုပဲ အာရုံထားပြီး နှစ်သိမ့် ဆွေးနွေး အကြံ ပေးတာမျိုးတွေ လုပ်နေကြပါတယ်။ တကယ်တမ်း ကျတော့ အိမ်ထောင်ကျပြီး နှစ်ပေါင်း လေးငါးဆယ်လောက်ထိ ရှိလာတဲ့ လူကြီးပိုင်း တွေဟာလည်း အိမ်ထောင်ရေး အဆင်မပြေမှု ဒဏ်ကို ပိုတောင်ခံနေကြ ရပါသေးတယ်”” ဟု လေ့လာမှု စစ်တမ်းကို ပြုလုပ်ခဲ့သော ဒေါက်တာ ဟူလူက ပြောသည်။ ဒေါက်တာ လူသည် မစ်ရှီဂန် ပြည်နယ် တက္ကသိုလ် လူမှုဗေဒ ပါမောက္ခတစ်ဦး ဖြစ်ပြီး ရှီကာဂို တက္ကသိုလ် လူမှု ဗေဒဌာန ပါမောက္ခလင်ဒါဝိုက်နှင့် ပူးတွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စစ်တမ်းတွင် အိမ်ထောင်ရှင် အမျိုးသမီးကြီး (၄၅၉) ဦးနှင့် အမျိုးသား (၇၃၉) ဦး ပါဝင်သည်။ စစ်တမ်း စောင့်ကြည့်မှု ကာလ ငါးနှစ် ဖြစ်သည်။ စစ်တမ်း စတင်ချိန်တွင် အငယ်ဆုံးသူသည် (၅၇) နှစ်ရှိပြီး အကြီးဆုံးသူသည် (၈၅) နှစ် ဖြစ်သည်။

 စစ်တမ်း ပါဝင်သူများအား မေးခွန်းများစွာ မေးသည်။ ဇနီး ခင်ပွန်းအပေါ် မည်သို့ သဘောထားသနည်း။ အိမ်ထောင်ရေး ပျော်ရွှင်လား။ ကိုယ့်အိမ်ထောင်ရေးကို ကျေနပ်လား။ အိမ်ထောင်ဘက် အတွက် အချိန်မည်မျှ ပေးသနည်း စသဖြင့် အိမ်ထောင် သာယာမှု ရှိမရှိ ပေါ်လွင်အောင် မေးမြန်းသည်။ လေ့လာမှု ငါးနှစ်တာ အတွင်း အထက်ပါ မေးခွန်းမျိုးများကို ကာလ အပိုင်း အခြား အလိုက် မေးမြန်း မှတ်တမ်း တင်သလို တစ်ပြိုင်တည်းမှာပင် ထိုသူများ၏ နှလုံး ကျန်းမာရေးများ ကိုလည်း မှတ်တမ်း တင်ထားသည်။

ငါးနှစ်ပြည့်ချိန်တွင် စစ်တမ်းကို ကောက်ချက် ဆွဲကြည့်ရာ အိမ်ထောင်ရေး အဆင်မပြေဟု ဖြေသော သက်ကြီးပိုင်းများသည် အဆင်ပြေ ပါသည်ဟု ဖြေသော သူများနှင့် ယှဉ်လျှင် နှလုံးရောဂါ ဖြစ်ပွားမှု ပိုများပြား နေကြောင်းကို စစ်တမ်း ရလဒ်များက ကောင်းကောင်း ပြသခဲ့သည်။  စစ်တမ်း တွေ့ရှိချက်များကို နိုဝင်ဘာ (၁၉) ရက် နေ့ထုတ် Health and Social Behavior ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top