iMyanmarHouse.com - Best Property Website for Myanmar
×










မုန်လာဥနီတွင် ပါဝင်သော နိုက်ထရိတ် ဓာတ်သည် သွေးတိုးခြင်း ကိုကျဆင်း စေနိုင်ကြောင်း သုတေသီများက ပြောကြားသည်။

မုန်လာဥနီကို ဟင်းချက်၍ စားသုံး သည်ဖြစ်စေ၊ နိုက်ထရိတ် ဆေးပြား များ သောက်သုံးသည် ဖြစ်စေ သွေးတိုး ကျစေနိုင်ကြောင်း အမေရိကန် နှလုံးနှင့် သွေးကြော ဆိုင်ရာဆေး ဂျာနယ်၌ ဖော်ပြသည်။

နိုက်ထရိတ် ဓာတ်သည် ဟင်းသီး ဟင်းရွက်တို့တွင် အများဆုံး ပါဝင် တတ်သည်။ မုန်လာဥ နီတွင် နိုက်ထရိတ် ဓာတ်များ ပါဝင်နေ သဖြင့် နှလုံးနှင့် ဆိုင်သော ရောဂါများ ကုသရာ၌ ပိုမို ထိရောက်စွာ ကုသနိုင် လိမ့်မည်ဟု သုတေသီများက မျှော်လင့် ထားသည်။

ကမ္ဘာပေါ်တွင် အရွယ် ရောက်သူ ၂၅ ရာခိုင်နှုန်းမှာ နှလုံးနှင့် ဆိုင်သော ရောဂါများ ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၅ ခုနှစ် အရောက်တွင် ထို့ထက် ပိုလာနိုင်သည်ဟု ဆိုသည်။

Credit : Myawaddy

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top