iMyanmarHouse.com - Best Property Website for Myanmar
×










ပျိုမေတွေအသက် (၃၀နားကပ်လာပြီ ဆိုရင် သူတို့ရဲ့အသုံးအဆောင်၊ အ၀တ်အစားတွေဟာ ဆယ်ကျော်သက်တွေရဲ့ အသုံးဆောင်ပစ္စည်းတွေနဲ့တော့ ကွာဟမှုတွေရှိလာပါပြီ။ ဒီလိုပဲ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်ရဲ့ အ၀တ်ဗီရိုပါပဲ။ အ၀တ်ဗီရိုနဲ့ အခန်းတွင်း ထားရှိရမယ့် အခြား အသုံးအဆောင်ပစ္စည်းတွေကလည်း ငယ်ငယ်တုန်းကလို ဖြစ်သလို ထားတာမျိုး မဖြစ်သင့်တောတာမို့ ဘယ်လိုထားသင့်တယ်ဆိုတာ အကြံပေးချင်ပါတယ်။


၁။ဗီရိုဖွင့်လိုက်တာနဲ့ သင့်စိတ်ဟာ သက်တောင့်သက်သာ အဆင်ပြေပြေရှိနေစေဖို့ အ၀တ်ဗီရိုကို ရှင်းလင်းထားပါ။
အသက်နည်းနည်းရလာပြီဆိုရင် သင့်အ၀တ်ဗီရိုကလည်း ဖွင့်လိုက်တာနဲ့ ရှုပ်ပွနေတာမျိုးတွေ မဖြစ်သင့်တော့ပါဘူး။ ကိုယ့်ဝတ်မယ့် အ၀တ်အစားတွေကို အလုပ်အတွက် သပ်သပ်၊ ထသွားထလာ၊ အိမ်နေရင်း ၀တ်ဖို့နဲ့ ပါတီ၊ ဒင်နာ စတာတွေအတွက် သီးသန့်ခွဲထားနိုင်ဖို့ လိုပါတယ်။


၂။သင့်အ၀တ်ဗီရိုဟာ အလင်းရောင် ကောင်းကောင်းရနေဖို့ လိုပါတယ်။
ဖြစ်နိုင်မယ်ဆိုရင်တော့ အ၀တ်ဗီရိုဟာ ဖွင့်လိုက်တာနဲ့ မမြင်မစမ်း ကုန်းရုန်းရှာနေရတာမျိုး မဖြစ်သင့်ပါဘူး။ ဗီရိုတစ်ခုလုံးက သေချာ အလင်းရောင်ရတဲ့နေရာမှာ ထားဖို့ လိုပါတယ်။ ဒါဟာ အ၀တ်ရွေးချယ်ရာမှာ အရောင်မမှားစေဖို့လည်း အထောက်အကူ ပြုပါတယ်။


၃။ဖိနပ်တွေကို ဖြစ်သလိုမထားပါနဲ့။
အရင်တုန်းကလို ဖိနပ်တွေက ဗီရိုအောက်မှာ လေး၊ ငါးရံ၊ ကုတင်အောက်မှာ လေး၊ ငါးရံ၊ စသဖြင့် ဖြစ်သလို ထားတာမျိုးတွေ မလုပ်ပါနဲ့တော့။ တတ်နိုင်ရင် ဖိနပ်စင်လေး သီးသန့်ဖန်တီးထားလိုက်ပါ။ ပြီးတဲ့အခါ ဖိနပ်အမျိုးအစားတွေ အလိုက် သီးခြား ခွဲပြီး တင်ထားလိုက်ပါ။


၎။တန်ဖိုးကြီးပစ္စည်းတွေကို သီးသန့်ထားနိုင်အောင်လုပ်ပါ။
လက်ဝတ်ရတနာ၊ လက်ကိုင်အိတ်အကောင်းစားတွေဆိုရင် သေသေချာချာ သပ်သပ်ရပ်ရပ်လေး ထားဖို့ လိုပါတယ်။ ထားတဲ့နေရာက ဈေးကြီးပေးရတဲ့ ဗူးမျိုး၊ သေတ္တာမျိုးဖြစ်ဖို့ဆိုတာထက် သပ်သပ်ရပ်ရပ်နဲ့ သေချာလေး စီစဉ်ထားတဲ့ ပစ္စည်းမျိုးထဲမှာ ထည့်သိမ်းနိုင်ဖို့ လိုပါတယ်။ လက်ဝတ်လက်စားအတွက်ဆိုရင်တော့ အံဆွဲထဲက လက်ဝတ်လက်စားထည့်တဲ့ ဗူးထဲမှာ ထည့်ပါ။ အိပ်တွေကိုတော့ အ၀တ်အစားဗီရိုထဲ အကန့်ခွဲထည့်ထားလို့ရအောင်လုပ်ပါ။ တစ်ခုသတိထားရမှာက အိပ်ခန်းစီလင်နဲ့ ကပ်နေအောင် ထားတာမျိုးတွေ မလုပ်ပါဘူး။


၅။ကိုယ်လုံးပေါ်မှန်ကို အ၀တ်ဗီရိုနား ထားပါ။
ဖြစ်နိုင်ရင် ကိုယ်အင်္ကျံအ၀တ်အစား ၀တ်မယ့်နေရာမှာတင် မှန်ကို ထားရှိဖို့ လိုပါတယ်။ အ၀တ်ဗီရိုနားဖြစ်ရင် ပိုအဆင်ပြေပါတယ်။


၆။အရေးတကြီး ၀တ်မယ့် အ၀တ်အစားတွေကို ချိတ်နဲ့သီးသန့်ချိတ်ထားပါ။
သင့်ဗီရိုထဲမှာ ချိတ်ပါ ချိတ်ထားလို့ရတယ်ဆိုရင်တော့ ခေါက်ထားလို့ အဆင်မပြေတဲ့ အ၀တ်အစားတွေ၊ အ၀တ်များတဲ့ အ၀တ်အစားတွေကို ရွေးချိတ်ထားလိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top