iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ်ဆောင်ဘက်သာမက ဂီတဘက်မှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဆုပန်ထွာက ‘နေရယ်၊ လရယ်၊ အမှန်တရားရယ်’ ဇာတ်လမ်းတွဲတွင် လက်ကျန် အခန်း အတွက် အသံသွင်းနေကြောင်း ပြောပါတယ်။

“ဒီဇာတ်လမ်းတွဲကို အားလုံးက ဂရုစိုက်ပြီး သေသေချာချာ ကောင်း အောင် ကြိုးစားကြတယ်။ ပန်ပန် ကိုယ်တိုင်ကလည်း ရှေ့နေမလေး ‘မေနှင်းဆီ’ ဇာတ်ကောင် အတွက် အစွမ်းကုန်ကြိုးစားအားထုတ်နေ ရတုန်းပဲ။ ကိုယ်လုပ်ခဲ့တဲ့ အိုက်တင်နဲ့ အသံတစ်ထပ်တည်းကျအောင် အ ခန်းတွေပြန်သွင်းရတယ်။ ပရိ သတ်တွေအတွက် အဆင်ပြေဖို့ ပင်ပန်းပေမယ့် ကြိုးစားလုပ်ခဲ့ တယ်” လို့ ပြောပြပါတယ်။

ဂီတနဲ့ပတ်သက်ပြီး တစ် ကိုယ်တော် ဒုတိယအခွေကရော ဘယ်လောက်ထိ ပြင် ဆင်ပြီးပြီ လဲလို့မေးကြည့်တော့ ဆုပန်ထွာ က “တစ်ကိုယ်တော်ခွေအသံ သွင်းဖို့ လက်စ သပ်တာပြီး တော့မယ်။ ၂ဝ၁၅ ထဲမှာတော့ ထွက် မယ်လို့ မှန်းထားတယ်။ နှစ်ပုဒ်ပဲ ကျန်တယ်။အခုက နယ်ရှိုးတွေပဲ ထွက်ဆို ဖြစ်တယ်” လို့ ပြောပါတယ်။

တရားဝင် စေ့စပ်ထားပြီး ပြီဆိုတော့ မင်္ဂလာဆောင်သတင်းကရော ဘယ်တော့ လောက် ပရိသတ်တွေကြားရမှာလဲလို့ မေး ကြည့်တော့ “အစ်မက တရားဝင်စေ့စပ်ထား တဲ့လူရှိတယ်။ မင်္ဂလာပွဲကိုတော့ ပရိသတ် ကို ကြိုပြောပြမှာပါ။၂ဝ၁၅ ထဲမှာတော့မှန်း ထားတယ်”လို့ပြောပြခဲ့ပါတယ်။

Credit : Popular Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top