တကယ်လို့များ သင့်အနေနဲ့ ဆောင်းအကုန် နွေအကူးရာသီလေးမှာ စကတ်လေးတွေနဲ့ လန်းချင်တယ်ဆိုရင်တော့ ဆွယ်တာလေးတွေက အလိုက်ဖက်ဆုံးပါ။ ဒါကိုတော့ Emma Roberts, Vanessa Hudgens နဲ့ Kiernan Shipka တို့က သက်သေပြထားပါတယ်။
ဘယ်လိုစကတ်ပုံမျိုးက ဘယ်လိုဆွယ်တာမျိုးနဲ့ လိုက်ဖက်ပြီး ဘယ်စတိုင်မျိုးဝတ်ဆင်ရမယ်ဆိုတာတွေ အနည်းငယ်လေ့လာကြည့်ရအောင်။
(၁) ဆွယ်တာရှည် ၊ boots နဲ့ ကတ္တီပါသား စကတ်တို့က တကယ့်ကို ၉၀ခုနှစ်တွေတုန်းက အရမ်းမိုက်ခဲ့တဲ့ စတိုင်ပါပဲ။ ဒါပေမယ့် အခုထိလည်း ခေတ်စားဆဲပါပဲ။ ဒါကိုတော့ Emma က ၂၀၁၄ စတိုင် ဘေးလွယ်အိတ်ရှည်လေး ထပ်ဖြည့်လို့ ခြေကျင်းဝတ်လောက်ရှိတဲ့ boots တစ်ရံနဲ့ တွဲဖက်ထားတာပါ။
(၂) ဇာပါးတစ်လွှာနဲ့ စကတ်တွေဆိုတာ နွေရာသီအတွက်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။ Vanessa က ဒီအချက်ကို ကောင်းကောင်းအသုံးချသွားခဲ့ပါတယ်။ သူမရဲ့ ဆိုဒ်ကြီးနေတဲ့ ဆွယ်တာဟာ ဒီလိုစကတ်မျိုးနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ဒီအတွက်တော့ အရောင်တူ boots အမြင့်တစ်ရံလိုပါတယ်။ သူမကိုကြည့်ရတာ အလွန်မိုက်ပြီးတော့ အဆင့်ရှိသလို ခံစားရပါတယ်။
(၃) Kiernan က သူမရဲ့ ပန်းပွင့်အဆင်စကတ်ကို ခန္ဓာကိုယ်အလယ်ပိုင်းအထိ ၀တ်ထားပြီးတော့ ကိုယ်နဲ့ ကွက်တိဖြစ်နေတဲ့ ဆွယ်တာအကျပ် အတိုလေးနဲ့ တွဲဝတ်ထားတာပါ။ တ၀က်လောက်သာရှိတဲ့ ဆွယ်တာက ခါးအလယ်ပိုင်းမှာ ၀တ်ရတဲ့ စကတ်ကို ညွှန်ပြပေးသလိုဖြစ်နေပါတယ်။ အရောင်တောက်တဲ့ ပန်းပွင့်လေးတွေက ချစ်စရာကောင်းတဲ့ အသွင်အပြင်ကို ပေးနေပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVTsh-DvAcmDVhKosSLuKVnGYPAZn3LtQpaL0X3Z6XIzdbHPPzTvLPLce_gZSgMeADbicfQC3HjmikS0qqc_VSATtoBMzMeXZwzq1AMkxF2iR80FDaBOucgGm-iSm-_YNhrxlVPHOGOtlV/s1600/11.jpg)
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...