iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင်တစ်ယောက်အပြင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည်လာရင်း ပရိသတ် အားပေးလက်ခံတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးချပြလာတဲ့ ကိုပေါက်နဲ့ တွေ့ဆုံခိုက် ၂၀၁၃ အကယ်ဒမီပေးပွဲပေါ် သူ့ရဲ့ အမြင်နဲ့ ရုပ်ရှင်လောကအကြောင်းကို မေးမြန်းတီးခေါက်ကြည့်မိတဲ့ခါ

-၂၀၁၃ အကယ်ဒမီပေးပွဲပေါ် အစ်ကိုရဲ့ အမြင်လေး ပြောပြပေးပါဦး။

အကယ်ဒမီ အပြောင်းအလဲက ကိုယ်ဘာမှမသိသေးဘူး။ နေရာကတော့ အပြောင်းအလဲတစ်ခုတော့ ဖြစ်သွားတယ်ကြားတယ်။ ဗန်းကိုင်တာတွေလဲ ပြောင်းလဲမယ်ဆိုတော့ အရင်နဲ့မတူအောင်ပဲ ဇွတ်လုပ်နေလား မသိဘူးနော်။ အဲ့ဒီတော့ မသိပါဘူး။ လူကြီးတွေ သူတို့ရဲ့ အခြေအနေလေးတစ်ခုမှာ ကောင်းအောင် လုပ်ကြတာပဲ နေမှာပါ။ ဒီနှစ် အကယ်ဒမီမှာ ကျွန်တော်ကြိုက်တာတစ်ခုက အပြင် ပရိသတ်တွေကို ကိုယ်တို့အနုပညာရှင်တွေနဲ့ရောမထားတော့ဘူး။ အနုပညာရှင်တွေကြီးပဲကို တီဗီကနေ စောင့်ကြည့်ရမှာကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ ကျွန်တော် အဲ့ဒါလေးကိုတော့ အမှတ်ပေးတယ်။ ကျန်တာကတော့ ကျွန်တော်မသိပါဘူး။

-ပေးခဲ့တဲ့ အကယ်ဒမီပွဲစဉ်တစ်လျှောက် မျှော်လင့်သူနဲ့ ရရှိသူ တွေအပေါ် အစ်ကို့ရဲ့အမြင်လေးလဲ သိချင်ပါတယ်။

ကြားနေတာတွေကတော့ အများကြီးပါပဲ။ ကိုယ်ကိုတိုင်က ဒီနှစ် မှာ ကြည့်ဖြစ်တဲ့ကားက မများဘူးဆိုတော့ ပြေတီဦးက ဒီနှစ်ထပ်ရမယ်လို့လဲ ပြောနေတော့ ကိုယ့်လူတွေကြီးပဲဆိုတော့ လက်ခုပ်တီးရမှာပေါ့နော်။ ကိုယ့်ရဲ့အားနည်းချက်က တင်သမျှကားတိုင်းကို မကြည့်တာပေါ့နော်။ ကြည့်ဖြစ်တဲ့ ကားလေးတွေမှာ တချို့ကားတွေက ကောင်းပါတယ်။ တချို့ကြတော့ ပါပြီးမကောင်းတဲ့ ကားလေးတွေ ရှိတယ်။ ဘယ်သူပဲရရ ကိုယ့်လူတွေကြီးပဲဆိုတော့ အားပေးမှာပါ။

-အကယ်ဒမီဆိုတာကို အစ်ကို ဘယ်လိုနားလည်ထားလဲ။

အမှတ်အသားတစ်ခုပေါ့နော်။ နိုင်ငံတကာမှာလဲရှိတယ်။ ဆုရွေးချယ်ရေး အဖွဲ့နဲ့ သွားဆိုင်နေတာပေါ့နော်။ မူမတူဘူးပေါ့။ မြန်မာနိုင်ငံက အကယ်ဒမီဘုတ်အဖွဲ့က အကယ်ဒမီကို ဘယ်လိုမူနဲ့ပေးတာလဲ ။ အဲ့မူနဲ့ကိုက်ရင် အဲ့မူကို သိရင် အဲ့ကားရတယ်။ ဒါပေမဲ့ တခြား ရုပ်ရှင်ပြိုင်ပွဲတွေမှာ သွားပြိုင်ကြည့်လိုက်ဒီမှာ ဆယ်စုလောက်ရတဲ့ကားက ရုပ်ရှင်ပြိုင်ပွဲမှာ တစ်ဆုမှ မရတာမျိုးရှိတယ်။ ဒါသည် ဆုရွေးချယ်ရေးအဖွဲ့နဲ့ပဲ ဆိုင်တယ်။ နိုင်ငံတကာမှာလဲ ရုပ်ရှင်ပြိုင်ပွဲတွေ ရှိတယ်။ အဲ့ဒီအခါကျရင်လဲ သူတို့က မူတွေနဲ့ပေးတာ အဲ့မူတွေက တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ ဥပမာ ဇာတ်ကားတစ်ကားမှာ ဆုရခဲ့တဲ့ သူတစ်ယောက်က ငါဆုရပြီးသားဆိုတော့ တခြားမှာလဲရမှာပဲ ဆိုပြီးသွားပြိုင်ရင် ဇကာတင်ထဲတောင် ၀င်ချင်မှဝင်တာ။ အဲ့ဒီတော့ မြန်မာပြည်မှာပေးတဲ့ကား ရိုက်ထားတဲ့ကားက သူတို့ပေးတဲ့မူ၊ သူတို့ပေးတဲ့ စနစ်နဲ့ကိုက်မှရတာ။ တို့ဆီမှာ ဘယ်လို အချက်တွေကို အကယ်ဒမီပေးတယ်ဆိုတာချမပြဘူး။ နိုင်ငံတကာက ရုပ်ရှင်ပြိုင်ပွဲတွေမှာဆိုရင် ဘယ်လို အချက်တွေကြောင့်ပေးတယ်ဆိုတာ ချပြထားတယ်။ မူလေးတွေရှိတယ်။ အံဝင်ရင်ရတယ်။ ရုပ်ရှင်လောကသားတွေတွက် အဲ့မူကို ချပြရင်တော့ အကောင်းဆုံးပေါ့နော်။ တို့တွေဆီမှာက မချပြဘူး။ မနှစ်ကဆိုရှိတယ်။ တိမ်မင်းသမီး အရမ်းကောင်းတယ်။ ပရိသတ်တွေကလဲ ပေးထားတယ်။ န၀ရတ်ဆိုလဲ အရမ်းကြိုးစားထားတယ်။ ဒါရိုက်တာကလဲ ရင်ခုန်တယ်။ တစ်ကားလုံးလဲ ကောင်းတယ်။ ဒါပေမဲ့ ဘယ်လို အချက်လေးတွေကို ပေးမှန်းမသိတော့ အကယ်ဒမီနဲ့လွဲသွားတယ်ပေါ့နော်။ အကယ်လို့သိထားတယ်ဆိုရင်လဲ သူအံဝင်အောင်ရိုက်ရင် အကယ်ဒမီရမှာအမှန်ပဲ။ အဲ့ဒါလေးကို ပေးမသိတော့ လွဲသွားတယ်ပေါ့ ဒါပါပဲ။

-အနုပညာသမားတစ်ယောက်ဖြစ်နေပြီး အကယ်ဒမီမူတွေကို သိပိုင်ခွင့်မရှိဘူးလား။

တကယ်တမ်းကျတော့ တချို့တွေကျတော့ သိကြတယ်။ အားလုံးသိအောင် ချပြသင့်တယ် လို့မြင်တယ်။ အစ်ကိုတို့တွေမသိဘူး။ အစ်ကိုတို့နိုင်ငံတကာမှာ ဇာတ်ကားတွေသွားပြိုင်တယ်။ အရွေးခံရတယ်။ ကိုယ်တို့ကားတွေ နိုင်ငံတကာမှာ သွားပြကြတယ်ပေါ့နော်။ ကိုယ်တို့ဆီမှာ Rules & Regulation ကို လက်ကြိတ်ထိုးပြီးပဲ ချပြနေသလား။ တရားဝင်ချပြထားတာကို ကိုယ်တို့တွေကပဲ မသိတာလား။  ဟေ့ရောင် ငါတို့တွေချပြထားတယ်ကွ။ မင်းမသိလို့ဆိုရင် ခံနိုင်တာပေါ့။ အဲ့ဒီ Rules ကိုချပြဖို့ကိုဇော် ( အရုဏ်ဦး)လဲ ပြောဖူးပါတယ်။

-အရင်ကနဲ့မတူပဲအပြောင်းအလဲတွေကြားမှာ အနုပညာရှင်တွေ ကိုယ်တိုင်ရော ပရိသတ်တွေပါ ဒီနှစ်အကယ်ဒမီကို စိတ်ဝင်စားမှုနည်းနေရတာ ဘာကြောင့်လို့မြင်မိပါလဲ။

အဲ့ဒါကတော့ ခုနကပြောတယ်ပေါ့လေ။ အကယ်ဒမီပေါ် ယုံကြည်မှု၊ အကယ်ဒမီပေးတဲ့စည်းကမ်း၊ စနစ်နဲ့ အကယ်ဒမီဘုတ်အဖွဲ့က လူတွေကို ယုံကြည်မှု နည်းလာတာကြောင့်လို့ အစ်ကိုကတော့မြင်မိတယ်။

-သရုပ်ဆောင်တစ်ယောက်ကနေ ဒါရိုက်တာတစ်ယောက်ကူးပြောင်းတဲ့ချိန် ပြောင်းလဲမှုလေးကဘယ်လိုရှိလဲ။

သရုပ်ဆောင်ဆိုတာ သူများခိုင်းတာကို ကျေနပ်အောင်လုပ်ရမယ်။ ဒါရိုက်တာကတော့ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖန်တီးချင်တာကို စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတယ်။ စေခိုင်းခံရတဲ့သူနဲ့ စေခိုင်းသူ ဒါလေးတော့ကွာတယ်။

-မင်းသားဈေးကွက်၊ မင်းသားခေတ်ဖြစ်နေတဲ့ပေါ် အစ်ကိုရဲ့အမြင်ကဘယ်လိုများရှိလဲ။

တကယ်တော့ ကိုယ်တို့နိုင်ငံမှာ လိုအပ်တာတစ်ခုက ထုတ်လုပ်သူတွေ သတ္တိရှိဖို့ပါပဲ။ နိုင်ငံခြားမှာ ဆို မင်းသားဈေးကွက်ရှိသလို မင်းသမီးဈေးကွက်လဲရှိတယ်။ အသစ်တွေရဲ့ဈေးကွက်လဲရှိတယ်။ ကမ္ဘာမှာဆို နာမည်ကြီးမပါပဲ အသစ်တွေကြီးပဲ ရိုက်တဲ့ကားက နာမည်ကျော်သွားတာတွေရှိတယ်။ အဓိက နံပါတ်၁သည် ပရိုဂျူဆာတွေရိုက်ရဲဖို့၊ ဒါရိုက်တာကို ယုံကြည်ဖို့လိုတယ်။ အဲ့ဒါလေးတွေ ပြောင်းသွားရင်တော့သိပ်ကောင်းမှာပဲ။

-အဲ့ဒါဆို ခုလက်ရှိုရုပ်ရှင်ဈေးကွက်က ငွေရရုံ တစ်ခုတည်း ကိုကြည့်တဲ့အနေအထား၊ ခေတ်တစ်ခေတ်ဖြစ်နေတာပေါ့နော်။

ဟုတ်ပါတယ်။ အမှန်ပါပဲ။ ပိုက်ဆံများများကုန်တဲ့ကားဆို ပရိုဂျူဆာတွေ မရိုက်ချင်ကြဘူး။ အဲ့လို ရိုက်တဲ့ကားတွေ ရိုက်တဲ့ ဒါရိုက်တာဆို ပရိုဂျူဆာတွေ မသုံးချင်ကြဘူး။ ဟိုလိုဒီလိုနဲ့ ကုန်ကျစရိတ် သက်သက်သာသာ ပြီးသွားမဲ့ ဒါရိုက်တာဆို ပရိုဂျူဆာတွေက ရိုက်ချင်ကြတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ပဲ ပိုက်ဆံရချင်ကြတဲ့ ပရိုဂျူဆာတွေ အရမ်းများလာတယ်။

-အဲ့ဒါဆို အစ်ကိုကိုယ်တိုင်ကဘယ်လိုဒါရိုက်တာတွေထဲမှာပါလဲ။

ကိုယ်တို့ကတော့ ၅၀ ၅၀ ထဲမှာပါတယ်။ အရင်တုန်းကတော့ ကိုယ်တို့က ခေါင်းအရမ်းမာတယ်။ ပရိုဂျူဆာတွေငြင်းတဲ့ ဒါရိုက်တာတွေထဲမှာ ပါတယ်။ နောက်ပိုင်းကျတော့ ဘာလုပ်ရလဲဆိုတော့ မျှပြီး ရိုက်လာရတယ်။ တချို့ဒါရိုက်တာတွေဆို ခုချိန်ထိ ခေါင်းမာနေတုန်းပဲ။ ဦးမင်းထင်ကိုကိုကြီးတို့ဆို ခုချိန်ထိ ခေါင်းမာနေတုန်း၊ အဲ့လိုခေါင်းမာရတဲ့ အကြောင်းအရင်းလေးတွေရှိတယ်။ အရင် ကိုယ်လူပျိုတုန်းကတော့ ခေါင်းမာတာပေါ့။ အိမ်ထောင်ကျပြီးသားနဲ့မယားနဲ့ဖြစ်လာတော့ ကိုယ်တို့ခေါင်းမာလို့မရတော့ပဲ အဆင်ပြေအောင် လိုက်ရိုက်ရတဲ့အထဲမှာ ကိုယ်တို့ပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top