iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ်ဆောင်အသစ် တစ်ဦး ဖြစ်သည့် သော်သော်ဟံသာက အချိန်တိုင်း နေရာတိုင်း ဇာတ်လမ်းတွဲတွင် ပါဝင် လိုက်ရသည့် အတွက်  အတွေ့ အကြုံကောင်းများ ရလိုက်ပြီး ရှေ့ဆက်ပြီး အနုပညာ ခရီးလမ်းတွင်လည်း အမှားအယွင်း မရှိအောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။

ညီမက ဆရာဝိုင်းတို့နဲ့ အတူ ပထမဆုံး ရိုက်ကွင်းမှာတင် ပညာတွေ အများကြီး ရလိုက် ပါတယ်။ ဒီရူတင်က မင်းသား၊ မင်းသမီးကြီးတွေ အများကြီး ပါတဲ့ အတွက် သူတို့ရဲ့ စိတ်တွေ ၊ အိုက်တင်တွေ ကအစ အကုန်ပညာ ရလိုက်ပါတယ်။ ဒီလိုမျိုး မင်းသား၊ မင်းသမီးကြီးတွေကို တစ်ယောက် ချင်း တွေ့ဖို့တောင် မလွယ်ဘူး။ အခုလို သူတို့နဲ့အတူ တွဲဖက် သရုပ်ဆောင် ရတော့ ရူတင် တစ်ခုမှာ ဘယ်လို နေထိုင်ရမယ်။ ပညာကို ဘယ်လိုယူရမလဲ ဆိုတာတွေကို သိလိုက် ရတယ်။ ပြီးတော့ ညီမက လုံးဝအသစ်လေ။ အဲဒါကြောင့် ဒီဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရ ခဲ့တယ်။ အဲဒီက ရလာတဲ့ အတွေ့အကြုံ က ပြောရရင် ပြီးပြည့်စုံတယ်လို့  ပြောလို့  ရတယ်။  ရှေ့ဆက် ပြီးတော့လည်း အနုပညာနဲ့ ပတ်သက်ရင် အမှားအယွင်း မရှိအောင် အကောင်းဆုံးပဲ လုပ်သွားမယ်လို့ ဆုံးဖြတ်ထား ပါတယ်။ အဲဒီကားထဲ မှာလည်း တကယ်ကို ပင်ပင်ပန်းပန်းလုပ်ခဲ့ ရတယ်။ ရဲမေလို သရုပ်ဆောင်ရတာ ဆိုတော့ ရဲမေတွေ လုပ်သလို လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ သေနတ် ကိုလည်း တကယ်ထမ်းပြီး ပြေးခဲ့ရတယ်။  အကုန်လုံး ကတော့  ညီမအတွက် အတွေ့အကြုံ ကောင်း တွေပါပဲ ဟု သော်သော်ဟံသာက ပြောသည်။ သော်သော်ဟံသာသည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် အချိန်တိုင်း နေရာတိုင်း ဇာတ်လမ်းတွဲတွင် ရဲမေ အဖြစ် ပါဝင် သရုပ်ဆောင် ထားကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top