iMyanmarHouse.com - Best Property Website for Myanmar
×










၂၀၁၅ ထဲမှာ သူ့ရဲ့ပရိသတ်တွက် ထူးထူးခြားခြားနဲ့ ဆန်းဆန်းပြားပြား အနုပညာအသစ်တစ်ခုအနေနဲ့ သူ၃နှစ်နီးပါး ကြိုးစားပုံဖော်ထားတဲ့ တေးစီးရီးကို ပရိသတ်လက်ထဲ ထည့်ပေးမယ်လို့ရင်ဖွင့်ပြောပြလာသူက မင်းသွေးပါ။ အရင်နဲ့မတူတဲ့အနုပညာပေါ် ထားရှိတဲ့စိတ်တွေက အရမ်းကို tempo မြင့်နေသလို ဖန်တီးချင်စိတ်၊ ကြိုးစားချင်စိတ်တွေနဲ့ ဒီ့ထက်မက အောင်မြင်အောင်လုပ်သွားမယ်လို့ပြောလာလေသူ မင်းသွေးနဲ့ တွေ့ဆုံခိုက်မှာတော့ “၂၀၁၅ မှာ ကျွန်တော်ထူးထူးခြားခြားလုပ်ဖို့ရှိတာက လုပ်နေတာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်တော်အခွေလေးထွက်ဖို့ပါပဲ။ တကယ်တော့ ၂၀၁၄ ထဲမှာ အချောသတ်မယ် ဆိုပြီး ကားရိုက်အတွက် ကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ဖြစ်တော့ အချိန်အားဖြင့် အနည်းငယ် ကြန့်ကြာသွားခဲ့တယ်။ ၂၀၁၅ မှာ ထွက်မယ်။ လအတိအကျတော့ မသိဘူးပေါ့နော်။ သေချာတာကတော့ ထွက်ဖြစ်မယ်။ အခွေထဲမှာ ကျွန်တော်ခံစားရတာတွေကို ချပြဖို့ လုပ်ထားပါတယ်။ အခွေမထွက်ခင် အဲ့ဒီထဲက ၃ပုဒ်ကို ရွေးပြီး အွန်လိုင်းပေါ် အရင်တင်ပါမယ်။ အဲ့ဒါပြီးမှ အခွေထွက်ပါမယ်။ ပါဝင်မှာက ၁၁ ပုဒ် bonus က၁ပုဒ်ဆိုတော့ ၁၂ပုဒ်ပါပါမယ်။ bonus အပုဒ်က ဖော်ကာ ရေးပေးထားတာပါ။ မေတ္တာနဲ့ပေါ့။ ပြီးတော့ အဲ့ဒီသီချင်းလေး ဖော်ကာကိုယ်တိုင် ဂစ်တာတစ်လုံးထဲနဲ့တီးပေးထားတာပါ။ ကျန်တဲ့ ၁၁ပုဒ်က ကျွန်တော်ပဲဆိုထားတာပါ။ တေးရေး တွေကတော့ ဖော်ကာ၊ ဦးရွှေ၊ ရေမွန်၊ ထက်အောင်ကျော်၊ ဂျိုးဂျိုး၊ ညီမင်းခိုင်တို့ပါပါမယ်။ ပါမယ့်သီချင်းအားလုံးက ကျွန်တော်ဖြစ်ချင်တာတွေကို တေးရေးဆရာတွေကို ပြောပြပြီး ရေးခိုင်းတာပါ”လို့ သူက ပြည့်ပြည့်စုံစုံ ပြောပြသွားပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သူ့ရဲ့လက်ရှိအချစ်ရေးနဲ့ပတ်သတ်ပြီတော့လဲ “အချစ်ရေးကတော့အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါပဲ။ ချစ်သူလဲရှိပါတယ်။ အပြင်လောကကပါ။ အိမ်ကတော့ အချစ်ရေးနဲ့ပတ်သတ်ပြီးတားမြစ်ချုပ်ချယ်ထားတာမျိုး မရှိပါဘူး။ ကျွန်တော့စိတ်တိုင်းကျပါပဲ။ ကျွန်တော်ကိုယ်တိုင်ကလဲ force ပေးတာ မကြိုက်ဘူး။ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ချင်လို့ပါ။ ဒါပေမဲ့ လောလောဆယ် အနုပညာအလုပ်တွေနဲ့အချိန်မပေးနိုင်သေးတဲ့အတွက် အိမ်ထောင်ပြုဖို့ကတော့လိုပါသေးတယ်။ ကျွန်တော့်အသက် ၃၀ကျော်မှပဲ အိမ်ထောင်ရေးကို စဉ်းစားဖြစ်မှာပါ”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top