iMyanmarHouse.com - Best Property Website for Myanmar
×



နိုဝင်ဘာ ၂၄ရက်နေ့က ပြုလုပ်တဲ့ ရေဒီယိုရှိုးတစ်ခုရဲ့ အင်တာဗျူးမှာ Demi Lovato ကို Miley
Cyrus နဲ့ အဆက်အသွယ်ရှိသေးလား၊ သူငယ်ချင်းအဖြစ် ရှိနေတုန်းပဲလားဆိုတာကို မေးမြန်းခဲ့ပါ
တယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး Demi Lovato ကတော့ သူ့စိတ်ထဲက အားလုံးကို ပွင့်ပွင့်လင်း
လင်း ဖွင့်ဟသွားပါတယ်။

"ကျွန်မတို့နှစ်ယောက်ဟာ သူငယ်ချင်းလို့တောင် ပြောလို့ မရတော့တဲ့အခြေအနေပါ။ ဖုန်းပြောတာ၊
sms ပို့တာမျိုးတွေ လုံးဝမရှိတော့သလို အပြင်မှာ အမှတ်တမဲ့တောင် မဆုံဖြစ်တော့ပါဘူး။"လို့ သူမ
ကရှိုးတင်ဆက်သူကို ပြောပါတယ်။ဒါ့အပြင်သူမကထပ်ပြီး"'ဒါဘ၀ပဲလေ။လူတွေအားလုံး ပြောင်းလဲ
ကုန်ကြပြီ။ ကျွန်မမှာ သူနဲ့ပတ်သက်ပြီး ပြောစရာမရှိတော့သလို နည်းနည်းလေးမှ အဆက်အသွယ်မရှိတော့ပါဘူး။ သူ့အတွက် အကောင်းဆုံး ဆုမွန်ကောင်းတောင်းပေးပါတယ်"တဲ့။

သူငယ်ချင်းဇာတ်လမ်း တစ်ခန်းရပ်သွားတဲ့ သူတို့နှစ်ဦးမှာ ဘယ်သူကဘယ်သူ့ကိုဘာတွေလွန်
လွန်းကျူးကျူး ဆက်ဆံပြုမူလိုက်တယ်၊ သူငယ်ချင်းသံယောဇဉ် ပြတ်တောက်သွားအောင် လုပ်ခဲ့တယ်ဆိုတာကတော့ သူတို့နှစ်ဦးပဲ အသိဆုံး ဖြစ်မှာပါ။ သေချာတာကတော့ Miley မှာ မိန်းကလေးသူငယ်ချင်း မရှိသလောက် ရှားသွားပြီဆိုတာပါပဲ။



Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top