iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ်နှင့် အနည်းငယ် အဆက်ပြတ်ခဲ့ သော်လည်း ပရိသတ် အားပေးမှု ရှိနေဆဲ ဖြစ်သည့် ဂရေဟမ်က ဂီတနှင့် ပတ်သက်လျှင် မိမိ ကြိုက်သည့် ဂီတဖြင့် ရပ်တည် နိုင်ကြောင်း၊ ဂီတ ရေစီးကြောင်း ပြောင်းလဲတိုင်း လိုက်ပြောင်းလဲရန် မလိုကြောင်း ပြောသည်။

ကျွန်တော် နိုင်ငံခြား မသွားခင် အချိန်နဲ့ အခုအချိန် နည်းနည်းကွာ သွားပြီ။ ကွာသွားတယ် ဆိုတာ Music trend ကလည်း ကမ္ဘာ မှာလည်း ပြောင်းလဲ နေတော့ ပြောင်းလဲမှုကို လက်ခံရမှာ ပေါ့နော်။ ပြောချင်တာက အရင်တုန်းက Music ကို ဖန်တီးရတာ ခက်တယ်၊ ပိုပြီးတော့ လေးနက်တယ်။ အခု အများစုက ပေါ့ပေါ့ပါးပါးနဲ့၊ သီချင်းမြူးမြူး ကြွကြွနဲ့ စကားပြောဟန် တွေက ဒဲ့တိုးတွေ ဖြစ်လာတယ်။ Electro Music ပုံစံ ပြောင်းလဲ သွားတယ်။ ဒါတွေက လက်မခံလို့ မရဘူး။ ကမ္ဘာ trend လည်း ပြောင်းနေတာပဲလေ၊ ဒါပေမဲ့လည်း ကိုယ်ကြိုက်တဲ့ ဂီတနဲ့ ရပ်တည်လို့ ရတယ်။ နိုင်ငံခြားမှာတော့ ပို ရပ်တည် လို့ရတာပေါ့။ အနီးစပ်ဆုံး ပြောပြရရင် Eagle တို့လိုပေါ့။ သူတို့က ဘာမှ မပြောင်းလဲဘူး။ ဒီအတိုင်း ဆိုတယ်။ သူ့ပရိသတ်နဲ့ သူပဲလေ။ Music ပြောင်းတိုင်း လိုက်ပြောင်းလဲစရာ မလိုဘူး။ အကုန်လုံးက ကိုယ်ကြိုက်တဲ့ Music trend နဲ့ သွားနေကြတာပဲ။ Music ကတော့ ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲ နေမှာ ပဲ ဟု ဂရေဟမ်က ပြောသည်။ ဂရေဟမ်သည် Wake Up Daddy ဆိုသည့် တေးစီးရီးကို ထုတ်ရန် ပြင်ဆင်နေပြီး သမီးဖြစ်သူနှင့် တွဲဖက် သီဆို ထားကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top