iMyanmarHouse.com - Best Property Website for Myanmar
×












(၄၂) ကြိမ်  မြောက် အမေရိကန် တေးဂီတ ဆုပေးပွဲ၌ ဗြိတိန်ယောက်ျားလေး အဆိုရှင်များအဖွဲ့ One Direction နှင့် အမေရိကန်အဆိုတော် ကေ တီပယ်ရီတို့က ဆုအများဆုံး ဆွတ်ခူးခဲ့ကြသည်။

One Direction အဖွဲ့က တစ်နှစ်တာ အကောင်းဆုံးအနု ပညာဆု အပါအ၀င် တေးဂီတထူး ချွန်ဆု သုံးဆုရရှိခဲ့သည်။

‘‘တကယ့်ကို ပြီးပြည့်စုံတဲ့ နေ့တစ်နေ့ပါ။ အမေရိကန်ဟာ ကျွန်တော်တို့အတွက် ဒုတိယအိမ် လို့ ခံစားရတယ်’’ ဟု One Direction အဖွဲ့ဝင်တစ်ဦးဖြစ် သော လီယမ်ပိန်းက ပြောကြားခဲ့ သည်။

ကေတီပယ်ရီသည် Dark Horse သီချင်းဖြင့် တစ်နှစ်တာ အကောင်းဆုံးတေးသီချင်းဆု အ ပါအ၀င် တေးဂီတထူးချွန်ဆု သုံး ဆု ရရှိခဲ့သည်။

ကေတီပယ်ရီသည် လက်ရှိ တွင် သြစတြေးလျနိုင်ငံ၌ ကမ္ဘာ လှည့် ဖျော်ဖြေပွဲ သွားရောက်ပြု လုပ်နေသောကြောင့် ဆုတက် ရောက်ယူနိုင်ခြင်းမရှိဟု သိရ သည်။

One Direction အဖွဲ့နှင့် ကေတီပယ်ရီတို့၏ နောက်တွင် သြစတြေးလျ ရက်ပ်အဆိုတော် အစ်ဂီအဇယ်လီယာနှင့် အမေရိ ကန်ပေါ့ပ်ဘုရင်မ ဘီယွန်းစေးတို့ က ဆု နှစ်ဆုစီ အသီးသီးဆွတ်ခူး ခဲ့ကြသည်။

ဘီယွန်းစေးသည်လည်း ဆု ပေးပွဲသို့ တက်ရောက်ဆုယူခြင်း မရှိခဲ့ပေ။

(၄၂) ကြိမ်မြောက် အမေရိ ကန်တေးဂီတ ဆုပေးပွဲ၏ ဆန်ခါ တင်ဆုစာရင်း၌ ဆုအများဆုံးအ တွက် ရေပန်းစားခဲ့သည့် အစ်ဂီအ ဇယ်လီယာသည် နာမည်ကျော် ရက်ပ်ပါများဖြစ်သည့် အမ်မီနမ် နှင့် ဒရိတ်ခ်တို့ကို ဖြတ်ကျော်၍ ရက်ပ်၊ ဟစ်ဟော့တေးဂီတနှင့် သက်ဆိုင်သော လူကြိုက်အများ ဆုံးအဆိုရှင်ဆုနှင့် လူကြိုက်အ များဆုံး တေးအယ်လ်ဘမ်ဆုတို့ ကို ဆွတ်ခူးရရှိခဲ့သည်။

အဆိုတော် တေလာဆွစ်ဖ် သည် ၁၉၇၃ တွင် အမေရိကန် တေးဂီတဆုပေးပွဲကို စတင်ဖန် တီးခဲ့သည့် ရေဒီယိုနှင့် ရုပ်သံအ စီအစဉ်တင်ဆက်သူ ဒစ်ကလာ့စ် ကို ဂုဏ်ပြုသောအားဖြင့် ယခုနှစ် ဆုပေးပွဲတွင် ပထမဆုံးအ ကြိမ် ချီးမြှင့်သည့် Dick Clark ဆုကို ရရှိခဲ့သည်။

(၄၂) ကြိမ်မြောက် အမေရိ ကန်တေးဂီတဆုပေးပွဲကို နိုဝင် ဘာ ၂၃ ရက် ညတွင် အမေရိကန် နိုင်ငံ လော့စ်အန်ဂျလိစ်မြို့ရှိ နိုကီ ယာ ကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top