iMyanmarHouse.com - Best Property Website for Myanmar
×










တောင်ကိုရီးယားသရုပ် ဆောင်အဆိုတော် ကင်ဂျယ်ဂျွန်းသည် လာမည့်နှစ် ဇန်န၀ါရီတွင် ထုတ်လွှင့်ပြသမည့် SPY အမည်ရ ရုပ်သံဇာတ် လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီက အတည်ပြုလိုက်သည်။

အစ္စရေးဒရာမာဇာတ်လမ်းတွဲ MICE ကို အခြေခံရိုက်ကူးမည့် Spy ဇာတ်လမ်းတွဲသည် မိသားစုနှင့် သူလျှိုသည်းထိတ်ရင်ဖို ဒရာမာ ဇာတ်လမ်းတွဲဖြစ်သည်။Spy ဇာတ်လမ်းတွဲသည် မြောက်ကိုရီးယား
မှ သူလျှိုဟောင်းတစ်ဦးဖြစ်သည့် မိခင်နှင့် လက်ရှိတွင် သူလျှိုအလုပ်ကို လုပ်ကိုင်နေသည့် သားဖြစ်သူတို့အကြား ဇာတ်လမ်းတစ်ခုဖြစ်သည်။

ယင်းသူလျှိုဇာတ်လမ်းတွင် မိသားစုဝင်များ အသက်ရှင်ရေး အတွက် အပြန်အလှန် လိမ်လည်လှည့်ဖြားရသည်ကို တင်ဆက်ထားသည်။JYJ ကေပေါ့ပ်အဖွဲ့ဝင်တစ်ဦးဖြစ်သော ကင်ဂျယ်ဂျွန်းသည် အလွန်ထူးချွန်ထက်မြက်သည့် သူလျှိုဆန်းဝူအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး
 ဆန်းဝူ၏ မိခင်အဖြစ် ကေဒရာမာသရုပ်ဆောင်မင်းသ မီးကြီး ဘယ်ဂျွန်အို့က သရုပ်ဆောင်
မည်ဖြစ်သည်။ SPY ဇာတ်လမ်းတွဲကို ၂၀၁၅ဇန်န၀ါရီတွင် KBS2 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top