iMyanmarHouse.com - Best Property Website for Myanmar
×








Angelina Jolie ဟာ New York က The Daily Show With Jon Stewart အစီအစဉ်ကပြန်အထွက်မှာ သူမကို မြင်တွေ့ဖို့ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်မြောက်များစွာထဲက တိုးဝှေ့ရင်း ဒဏ်ရာရသွားခဲ့တဲ့ သူမရဲ့ပရိသတ်တစ်ဦးကို ကူညီဖေးမခဲ့ပါတယ်။ သူမဟာ သူမပုံပါတဲ့ လက်ကမ်းစာစောင်တွေ ကိုင်ရင်း ဒဏ်ရာရသွားခဲ့တဲ့ ပရိသတ်ကောင်မလေးကို ဖေးမကူညီပေးခဲ့ရင်း သူမရဲ့မျက်ရည်တွေကိုလည်း သုတ်ပေးခဲ့ပါတယ်။

ပရိသတ်နဲ့အတူ လမ်းဘေးပလက်ဖောင်းပေါ်မှာ နှစ်ယေက်သား ခဏတာထိုင်နေချိန်အတွင်း သူမရဲ့ပရိသတ်ကောင်မလေးနဲ့အတူ selfie ဓာတ်ပုံရိုက်ကူးခဲ့တာကိုလည်း အားလုံးမြင်တွေ့ခဲ့ကြရပါတယ်။ ပထမတုန်းက ဒဏ်ရာကြောင့် ငိုနေတဲ့ ပရိသတ်ကောင်မလေးဟာ ချက်ချင်းဆိုသလို ပျော်ရွှင်မြူးတူးသွားပြီး အိပ်မက်မက်နေသလားရယ်လို့တောင် ထင်မြင်ကြောင်း Jolie ကို ပြောဆိုတာ အားလုံး မြင်တွေ့လိုက်ရပါတယ်တဲ့။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top