iMyanmarHouse.com - Best Property Website for Myanmar
×














 မော်ဒယ် အေဂျင်စီနှင့် စာချုပ် ပြဿနာ အရှုပ်အရှင်း ကိစ္စများ ဖြေရှင်းနေ ရသည့် အလင်းရောင်က ယခုနှစ်သည် သူ့အတွက် ကံဆိုးသည့် နှစ်ဖြစ်ပြီး စာချုပ်ပါ အကြောင်းအရာများနှင့် ဖြေရှင်းချက် များကို ပြောကြားခဲ့သည်။

 ကျွန်တော့်ဘက်ကတော့ ဘာအမှားမှ လုပ်ထား တာမျိုး မရှိပါဘူး။ ကျွန်တော့်ကို ငါးရာ သုံးဆယ့် ရှစ်သိန်းကျပ်  လျော်ပေးဖို့ ပြောပါတယ်။ စာချုပ် ကလည်း ကိုဂျမန်းရဲ့ ညီမ မနှင်းဝေေ၀နဲ့ ကိုဂျွန်လွင်တို့ နှစ်ယောက် ပေါင်းပြီး ချုပ်ထားတာ ဖြစ်တဲ့ အတွက် မနှင်းဝေေ၀ ကတော့ ကျွန်တော့်ကို တရား မစွဲပါဘူး။ လျော်ကြေးလည်း မလိုဘူးပေါ့။  လျော်ကြေးငွေက သိန်းတစ်ထောင်ပါ။ တစ်ဝက်ဆိုတော့ သိန်းငါးရာပေါ့။ ဒါပေမဲ့ သုံးဆယ့် ရှစ်သိန်းက ဘာအတွက်လဲ ဆိုတာ ကျွန်တော မသိပါဘူး။

အမှန်အတိုင်း ပြောရရင် လျော်ကြေး မပေးနိုင်ဘူး ပေါ့နော်။ မပေးနိုင်တဲ့ အတွက် တကယ်လို့ တရားစွဲမယ် ဆိုရင် တရားရုံးမှာ ဖြေရှင်းဖို့ အဆင်သင့်ပါပဲ။  တရားရုံး ရောက်ရင်တော့ အမှုက ဘယ်သူမှန်သလဲ ဆိုတာ ပေါ်လာမှာပါ။  အခုဆို (၁၉) ရက်တောင် ရှိပြီ။ နောက်ဆုံးရက်က  ဒီဇင်ဘာလ (၃) ရက်ဆိုတော့ ကျော်သွား ပါပြီ။ ကျွန်တော်တို့ဘက် ကလည်း ဒါနဲ့ ပတ်သက်ပြီး ဘာမှ မဖြေရှင်းထား ပါဘူး။ စာချုပ် အရ ခုနစ်နှစ် အတွင်း အိမ်ထောင် မပြ ရဘူး ဆိုတာက တရား ဥပဒေအရ လက်မခံဘူး။

လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် ဆိုတာ ရှိတယ်။ အဲဒီ အတွက်ကြောင့် အနုပညာ လုပ်ငန်းတွေကို ကွန်ထရိုး လုပ်ပိုင်ခွင့် မရှိဘူး။ တရား ဥပဒေ အရ မရှိဘူး။ အလုပ်ရှင် အလုပ်သမား ဥပဒေ အရ ဆိုရင် ကျွန်တော်က အလုပ်သမားပေါ့။  ခုနစ်နှစ်တာ ကာလ အတွင်းမှာ  ကျွန်တော်က တစ်လ ငါးသောင်း ပေးရမယ် ဆိုပြီး စာချုပ်ချုပ် ထားတယ်။ ကျွန်တော့် ဘက်က ပျက်ကွက်ခဲ့တာမျိုး မရှိဘူး။ စာချုပ်မှာက သူတို့ဘက် ကနေ သီချင်းခွေ ထုတ်ပေးမယ်။  ဇာတ်ကားတွေ ရိုက်ပေးမယ်။ အဲဒါလည်း ပါပါတယ်။ 

ဒါပေမဲ့ သူတို့ သတင်းစာမှာ ကြော်ငြာတုန်းက ကျွန်တော်က ကော်မရှင်ခလာ မသွင်းဘူး။  အေဂျင်စီကို  မိုက်ရိုင်းစွာ ပြောဆို ဆက်ဆံတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မိုက်မိုက် ရိုင်းရိုင်းနဲ့ ပြောဆိုဘူးတာ မရှိပါဘူး။ သတင်းစာမှာ ကြော်ငြာတာက တော်တော် များတယ် ပေါ့နော်။ ကျွန်တော့် ဂုဏ်သိက္ခာပါ  ကျဆင်း စေတဲ့ အချက်တွေ ပါပါတယ်။ အဲဒါကြောင့် ကျွန်တော့် ရဲ့ရှေ့နေက ဖြေရှင်းသင့်တယ် ဆိုပြီးတော့ ကျွန်တော် တို့က ပြန်ဖြေရှင်း ပါတယ်။

ဒီထက် ပိုပြီး လုပ်လာရင် ကျွန်တော်တို့ ကလည်း တရား ဥပဒေအရ ရင်ဆိုင်သွား မှာပါ။ ဒီနှစ် အတော အတွင်းမှာ ကျွန်တော့် အတွက် ကံဆိုးတဲ့ နှစ်လို့ ပြောလို့ ရတယ်။ ကံဆိုးမှု တွေပဲ အများကြီး ဆက်တိုက် ရင်ဆိုင်နေရတယ်။ ကျွန်တော်  ဒီအနုပညာ အလုပ်တွေကို ဆက်ပြီး ကြိုးစား လုပ်ကိုင် သွားမှာပါ ဟု သရုပ်ဆောင် အလင်းရောင်က ပြောသည်။ အလင်းရောင်သည် လက်ရှိတွင် စာချုပ် ပြဿနာ များကြောင့် MTV များသာ ရိုက်ဖြစ် နေကြောင်း အလင်းရောင် ပါဝင် သရုပ်ဆောင် ထားသော လားရှိုးမြို့တွင် ရုံတင်ထားသည့်  ရည်းစားဦး ဇာတ်ကားကိုလည်း ရန်ကုန်နှင့် မန္တလေးမြို့များ တွင်လည်း ပြသနိုင်ရန် စီစဉ် ထားကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top