iMyanmarHouse.com - Best Property Website for Myanmar
×








ကမ္ဘာကျော် အသိပညာရှင်၊အတတ်ပညာရှင်တွေဟာ အလွန် အလုပ်များကြပါတယ်။

သူတို့တွေဟာ ပတ်ဝန်းကျင်ကသူတွေရဲ့ တောင့်တမှုတွေကို အကောင်အထည်ဖော်ဖို့ရန် နေ့စဉ်နှင့်အမျှ ကြိုးစားနေကြပါတယ်။

အောင်မြင်ရန်အတွက် လိုအပ်ချက်တွေရှိပါလိမ့်မယ်။ သူများထက်စာဖတ်ရမယ်။ စဉ်းစားရမယ်။ အဲဒီအပြင် သည်းခံဖို့ရယ်၊ စိတ်ခံနိုင်ရည်ရှိဖို့လည်း လိုပြန်ပါတယ်။
သူတို့တွေအတွက် တစ်နေ့တစ်နေ့ဟာ သာမန်လူတွေထက် အဆပေါင်းများစွာ ကြိုးစားနေတယ်ဆိုတာကို သိထားခံလိမ့်ပါလိမ့်မယ်။

ဘာဖြစ်လို့ဒီလောက် အလုပ်လုပ်နိုင်တာလဲဆိုတာကို သိချင်လာမှာပါ။ အဖြေကတော့ တရားထိုင်ခြင်း ကြောင့်ပါ။

Steve Jobs, Bill Gates တို့တောင်တရားထိုင်တယ်ဆိုတာက လူသိများပါတယ်။

ဘာဖြစ်လို့ တရားထိုင်တာလဲ။

တရားထိုင်ခြင်းကြောင့် စိတ်အာရုံစိုက်နိုင်မှု၊ မှတ်ဥာဏ်ကောင်းလာခြင်း၊ ဦးနှောက်အတွင်း ကြည်လင်နေခြင်း စသည်ဖြင့် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။
တရားထိုင်တယ်ဆိုတာကို အချိန်တွေ၊နေရာတွေ ရွေးနေဖို့မလိုသလို၊ ထိုင်ပုံထိုင်နည်းဆိုတာလည်း ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ထိုင်ပါ။
၃မိနစ်ပဲဖြစ်ဖြစ်၊ ၁မိနစ်ပဲဖြစ်ဖြစ် အသက်ရှုတာကို ဝင်လေ၊ထွက်လေကို မှန်မှန်လေး ရှုသွင်းရှုထွတ်လုပ်ပါ။ ပုံမှန်ဝင်လေထွက်လေကနေ စိတ်ထဲမှာ လေးပင်နေတဲ့အရာတွေက ပျောက်သွားပြီး နေလို့ကောင်းလာပါလိမ့်မယ်။

တရားထိုင်တာဟာ စိတ်အားကောင်းအောင်လုပ်တာတခုထဲမဟုတ်ပဲ လူကြီးတွေကတော့ လူ့လောကကြီးထဲမှာ နေထိုင်နေသရွေ့ ကိုယ့်ရဲ့စိတ်ရောကိုယ်ပါ ကြံ့ခိုင်ဖို့အတွက်ပါ။
ဘာကြောင့်လဲဆိုတာ ကိုယ့်ရဲ့စွမ်းရည်၊စွမ်းအားက ဖြစ်နိုင်ချေတွေကို ပတ်ဝန်းကျင်ရဲ့အနှောက်အယှက်ကြောင့် ညစ်နွမ်းသွားစေနိုင်ပါတယ်။

ဒီအနှောက်အယှက်တွေကို အလဲထိုးနိုင်ဖို့ကတော့ တရားထိုင်ခြင်းဖြင့် အနိုင်ယူလိုက်ပါ။

Credit  : Chelmo Team

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top