iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်သည် ၂၀၁၄ အတွင်း  ဟောလိဝုဒ်ရုပ်ရှင်လောက ၌ ဝင်ငွေအများဆုံးရှာပေးသည့် သရုပ်ဆောင်ဖြစ်ကြောင်း အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbesက ဖော်ပြသည်။

အသက် (၂၄)နှစ်အရွယ် ဂျနီဖာလောရင့်စ်၏ ရုပ်ရှင်ဇာတ်ကားများ ဖြစ်သော The Hunger Games: Mockingjay, Part 1 နှင့် X-Men: Days of Future Past ဇာတ်ကားများသည် ၂၀၁၄ တွင် ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရရှိခဲ့သည်။ The Hunger Games: Mockingjay, Part 1 သည် ရုံတင်ပြသနေဆဲဖြစ် ၍ ဝင်ငွေ ပိုတိုးလာဖွယ်ရှိသည်။

အမေရိကန်သရုပ်ဆောင် မင်းသားခရစ်ပရက်ထ်ပါဝင် သရုပ်ဆောင်ထား သော Guard-ians of the Galaxy နှင့် The Lego Movie ဇာတ်ကားတို့သည် ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသငွေ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီ ယံရရှိခဲ့ပြီးနောက် ခရစ်ပရက်ထ် က ၂၀၁၄ အတွက် ဒုတိယဝင်ငွေအများဆုံးရှာပေးသည့် သရုပ်ဆောင်ဖြစ်ခဲ့သည်။ ခရစ်ပရက်ထ်၏နောက်တွင် စကားလတ်ဂျိုဟန်ဆန်က ယခုနှစ်အတွင်း စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံရှိ Captain America: The  Winter Soldier, Under the Skin နှင့် Lucy ဇာတ်ကားတို့ဖြင့် တတိယဝင်ငွေအများဆုံးရှာပေးသော သရုပ်ဆောင်ဖြစ်သည်ဟု Forbes မဂ္ဂဇင်းက ဖော်ပြသည်။             

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top