iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်ုပ်တို့ ခြေလက်တွေက အမြဲတမ်းလိုလို အေးစက်နေတတ်ပါတယ်။ ဒါ သွေးလည်ပတ်မှုကြောင့်လို့ ပြောကြပေမယ့် အမှန် ဟုတ်ချင်မှ ဟုတ်နိုင်ပါလိမ့်မယ်။
တကယ်တော့ ဒီအချက်နဲ့ ပတ်သက်ပြီး အတိအကျ လုံးဝမရှိပါဘူး။ သင့်ရဲ့အရေပြားကို အဆင်ပြေ သင့်တော်တဲ့ အပူချိန်တစ်ခုရောက်အောင် သွေးကြောတွေကတဆင့် ထိန်းညှိပေးထားပါတယ်။ mercury ကျသွားတဲ့အခါ အရေပြားအတွင်းရှိ အာရုံခံအင်္ဂါတွေက သွေးကြောတွေ ကျုံ့သွားအောင် ဦးနှောက်ကို အချက်ပေးပါတယ်။ ဒါကြောင့် ပင်မခန္ဓာကိုယ်မှာ ကားထွက်နေတဲ့ ခြေလက်တွေ နွေးစေခြင်းမှ ထိန်းချုပ်ဖို့ သွေးပမာဏအနည်းငယ်သာ သွားလာခွင့်ပြုထားပါတယ်။

အချို့လူတွေမှာကျတော့ အပူချိန်ပြောင်းလဲမှုတွေကြောင့် စတင်ဖြစ်ပေါ်လာနိုင်တယ်။ အဓိကအားဖြင့် အပူချိန်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးတဲ့ estrogen ဟော်မုန်း အပြောင်းအလဲ၊ အတက်အကျတွေကြောင့် အမျိုးသမီးတွေမှာ ဒီလိုအဖြစ်မျိုးတွေ ပိုအဖြစ်များတယ်လို့ လေ့လာချက်တစ်ခုက တွေ့ရှိခဲ့ပါတယ်။
အအေးလွန်ကဲတဲ့နေရာတွေကတော့ အများအားဖြင့် လက်ချောင်းများနဲ့ ခြေချောင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံ နှာခါင်းနဲ့ နားရွက်တွေလည်း ဖြစ်တတ်ပါတယ်။ ဖြူဖတ်ဖြူရော် သို့ မဟုတ် အပြာရောင်ဖြစ်လာပြီး ထုံကျင်လာနိုင်ပါတယ်။ ရောဂါလက္ခဏာအခြေအနေပေါ်မူတည်ပြီး သွေးကြောတွေ ကျယ်လာစေဖို့ လက်အိတ်ခြေအိတ်တွေ အပိုစွပ်ခြင်းမှအစ ဆရာဝန်ညွန်ကြားချက်အတိုင်း ဆောင်ရွက်နိုင်ပါတယ်။

လက်တွေ အေးတိအေးစက်ဖြစ်ခြင်းမှာ hypothyroidism, lupus ၊ သံဓာတ်နည်းခြင်း သို့မဟုတ် ဗင်တာမင် B12 လုံလောက်မှုမရှိခြင်းစတဲ့ တခြားရောဂါလက္ခဏာ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင့်ကျန်းမာရေး ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်ပေးနိုင်ပြီး သင့်တော်မယ့် ကုသမှု သို့မဟုတ် ပုံမှန်စားတဲ့ အစားအစာတွေ ပြောင်းလဲစားသုံးခြင်း စတာတွေ ပြလုပ်နိုင်တယ်။ ဒါပေမယ့် လက်အေးစက်မှုတစ်ခုတည်းသာဆိုရင် ရေဓာတ်ဖြည့်ပေးခြင်းနဲ့  ကိုယ်လက်လှုပ်ရှားမှု တိုးမြင့်လုပ်ဆောင်ခြင်းအားဖြင့် လက်များနွေးအောင် လုပ်ပေးပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top