iMyanmarHouse.com - Best Property Website for Myanmar
×















ဇာတ်ကားများ ဆက်တိုက် ရိုက်ကူးဖြစ် နေသည့် အိချောပိုက ဇာတ်လမ်း များကို ကာရိုက်တာအရ လုပ်ခွင့် ရမည့် ဇာတ်များကို ရွေးချယ်လေ့ ရှိပြီး လာအပ်သော ဇာတ်လမ်း များသည် ဇာတ်လမ်းဆန်းများ နှင့်သာ ကြုံခဲ့ ရကြောင်း ပြောသည်။

 အိချောက ကားရိုက်နေရတာ ကတော့ ဆက်တိုက်ပါပဲ။ အခု နောက်ပိုင်း ဆိုရင် ကာရိုက်တာ အစုံ ရိုက်ဖြစ် နေတယ်။ ဟာသမှ မဟုတ်ပါဘူး။ ဒရာမာရော၊ သရဲကားတွေရော အကုန်ရိုက် ဖြစ်ပါတယ်။ ဇာတ်ကားတွေ ကတော့ ရိုက်ဖြစ် နေတယ် ဆိုပေမယ့် အိချောနဲ့ လိုက်ဖက်မယ့် ကာရိုက်တာ လုပ်ခွင့် ရမယ့် ကားတွေ ကိုပဲ လက်ခံရိုက် ဖြစ်ပါတယ်။

 နောက်ပိုင်း မှာလည်း အဲလိုပဲ လက်ခံရိုက် ဖြစ်မှာပါ။ ဇာတ်ကားတွေ လာအပ်တဲ့ အခါမှာ ဗီဒီယို ကားတွေ ပေါ့နော်၊ အိချောကို  လာအပ် ကြတယ်။  အဲဒီ အခါမှာ အိချောက အိချော ရိုက်ရက်ပေး ထားတဲ့ ကားတွေ  ရှိတယ်လို့ လာအပ်တဲ့ လူကို ပြော တယ်ပေါ့။ အနီးအနား ရောက်မှပဲ အိချော ရိုက်ချင်တဲ့ ကားတွေကို ရွေးပြီးတော့  ရိုက်ဖြစ်ပါတယ်။ အိချော ကံကောင်းတာ လားတော့ မသိဘူး။ အိချော  မကြိုက်တဲ့ကား အခုထိ မတွေ့ သေးဘူး။ 

အမြဲတမ်းလည်း ဇာတ်လမ်း ဆန်းဆန်းလေး တွေပဲ  ရိုက်ဖြစ် နေတယ်။  နောက်ထပ်လည်း ဇာတ်ကားတွေ လက်ခံ ထားတာ ရှိပါတယ် ဟု အိချောပိုက ပြောသည်။ အိချောပိုသည် ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်သော ကောင်းကျိုး ကိုယ်၌ တည်စေမင်း ဆိုသည့် ဇာတ်ကားတွင် အရူးမ ပုံစံ သရုပ်ဆောင် ထားကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top