လက်ဖက်ရည်ကြမ်းသည် ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်
ဗြိတိန်သုတေသီများ၏ လေ့လာချက်အရ တစ်နေ့ လျှင် လက်ဖက်ရည်ကြမ်းသုံးခွက်ခန့်  သောက်သုံးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားနိုင်မှုကို ကာကွယ်နိုင်ကြောင့် လေ့လာတွေ့ ရှိရသည် ။
လေ့လာမှုများ အရ ပုံမှန်လက်ဖက်ရည်ကြမ်းသောက်သုံးမှုရှိသောသူများသည် တစ်ခါတရံ (သို့ မဟုတ် ) အမြဲတမ်း သောက်သုံးမှု မရှိသောသူများထက် ၂၅ ရာခိုင်နှုန်းပိုမိုကာ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေနည်းပါး၍ ကာကွယ်နိုင်စွမ်းရှိကြောင့် လေ့လာတွေ့ ရှိရသည် ။
ဗြိတိန်နိုင်ငံတွင် နေထိုင်ကြသူအများစုမှ ၈၀ ရာခိုင်နှုန်းခန့် သည် လက်ဖက်ရည်ကြမ်းသောက်သုံးသူများ ဖြစ်ကြသည် ။
ဆီးချိုရောဂါဝေဒနာရှင်များအနေဖြင့် လက်ဖက်ရည်ကြမ်းကို သောက်သုံးရန်သင့်ကြောင့် လမ်းညွှန် ထားသည် ။အဆိုပါ လေ့လာမှုတွင် လူပေါင်း ၃၀၀၀၀၀ ကို လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည် ။
Credit : Mg Mandalay
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...