iMyanmarHouse.com - Best Property Website for Myanmar
×










၂၁၀၄ကုန်တော့မယ်ဆိုတော့ ကိုယ့်ကိုယ်ကို ဒီနှစ်ထဲ ဘာတွေပြုမူဆောင်ရွက်ခဲ့သလဲ၊ ကိုယ်စီစဉ်ရည်ရွယ်ထားတာတွေ အထမြောက်ခဲ့ပြီလား၊ ကိုယ်ရည်မှန်းထားသလို ဖြစ်ပြီလားဆိုတာ ပြန်လည်တွေးတောသုံးသပ်သင့်တဲ့အချိန်ပါပဲ။ ကိုယ့်မှာ ချစ်ရတဲ့သူမရှိသေးဘူးဆိုရင်လည်း လာမယ့်နှစ်မှာ ချစ်ရတဲ့သူတစ်ဦးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်သင့်သလဲ၊ ပြောင်းလဲပစ်သင့်သလဲဆိုတာ တွေးရမှာပါပဲ။ အဲ့ဒီအတွက် ၂၀၁၄ကနေ ၂၀၁၅အကူးမှာ သင်ဆင်ခြင်သင့်တဲ့အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။

၁။ကိုယ့်ရဲ့တွေးခေါ်ပုံတွေ ပြောင်းပစ်လိုက်ပါ။
ကိုယ့်ရဲ့ခေါင်းမာတဲ့အကျင့်၊ အတွေးအခေါ်တစ်ချို့က ၂၀၁၄မှာ အလုပ်ဖြစ်ခဲ့ရဲ့လား။ အဲ့ဒီလို ဘာမှအကျိုးမရှိဘူးဆိုရင်တော့ ၂၀၁၅မှာ သင်ပြောင်းလဲသင့်ပြီပေါ့။ ပုံစံပြောင်းတွေးခေါ်ပြီး  အကောင်းဆုံးကြိုးစားကြည့်လိုက်ပါ။ ဆင်ခြေကို အနည်းဆုံးပေးပါ။

၂။ကိုယ့်ဘ၀ကို ဖန်တီးပါ။
ဘယ်လောက်ပဲ စိတ်ဓာတ်ကျကျ၊ ဘယ်သူတွေနဲ့ပဲ အဆင်မပြေဖြစ်ဖြစ် ကိုယ့်ဘ၀ကို ကိုယ်တိုင်သာ ပုံဖော်ထုဆစ်ရမှာပါ။ ဒါကို ခေါင်းထဲအမြဲထည့်ထားပြီး ကိုယ်လုပ်ချင်တဲ့အရာတွေကို ဖြည်းဖြည်းချင်း ပုံဖော်သွားပါ။ ကိုယ်ဝါသနာပါပြီး၊ စိတ်ဝင်စားတဲ့အရာတွေကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့။

၃။ကိုယ့်ကိုယ်ကိုချစ်ပါ၊ တန်ဖိုးထားပါ။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်မှ သူတစ်ပါးကိုလည်း တန်ဖိုးထားတတ်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ ကိုယ့်အကြောင်းကိုယ် ပြန်သုံးသပ်ပါ။ ငါသူတစ်ပါးကို အနိုင်ကျင့်တာတွေ များနေလား၊ ဝေဖန်သုံးသပ်ပါ။ ငါ အလျှော့ပေးလွန်းနေပြီလား စတာတွေကို ပြန်လည်သုံးသပ်နိုင်မှသာ ကိုယ်ချစ်ရတဲ့သူရှာဖွေချိန်မှာလည်း ကိုယ့်လိုအပ်ချက်၊ သူလိုအပ်ချက်တွေ သိလာနိုင်မှာပါ။

၎။ကိုယ်ဘာလိုချင်သလဲဆိုတာ ကိုယ်သိအောင်လုပ်ပါ။
လုံးဝပြီးပြည့်စုံတဲ့ ချစ်သူဆိုတာ ရှာဖို့မလွယ်ကူပါဘူး။ ဒီတော့ ကိုယ့်အနေနဲ့ ကိုယ်ဘာလိုချင်သလဲဆိုတာ သိရင်တော့ အကောင်းဆုံးပါ။ ကိုယ့်အတွက် ဘယ်အချက်တွေပြည့်စုံဖို့ အရေးအကြီးဆုံးလဲ ဆိုတာမျိုး၊ ကိုယ်ဟာ ဘာအတွက် ရပ်တည်နေတယ်ဆိုတာတွေကို သိဖို့အရေးကြီးပါတယ်။

၅။ပြီးခဲ့တဲ့ အချစ်ရေးတွေအားလုံးကို မေ့ပစ်လိုက်ပါ။
ကိုယ့်ကျောပေါ်မှာ ထမ်းပိုးထားတဲ့ အလေးအပင်တွေထဲမှာ ၂၀၁၄ခုနှစ်အတွင်း အချစ်ရေးနဲ့ပတ်သက်ပြီး ခံစားခဲ့ရတာတွေ၊ အတိတ်က ကိစ္စရပ်တွေအားလုံးကို ပစ်ချထားခဲ့ပါ။ ၂၀၁၅မှာ လူသစ်၊ စိတ်သစ်နဲ့ အချစ်သစ်ကို ရှာဖွေပါ။

၆။အသစ်တစ်ခုကို ရှာဖွေပါ။
အရင်က သွားနေကျ ဘားတွေ၊ စားသောက်ဆိုင်တွေအစား သွားလေ့သွားထမရှိတဲ့ နေရာသစ်တွေကို သွားပါ။ ဒါမှ လူသစ်တွေနဲ့ တွေ့ဆုံရမှာဖြစ်ပြီး သူငယ်ချင်းသစ်တွေ ပိုင်ဆိုင်လာနိုင်မှာပါ။

၇။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေပါစေ။
ယုံကြည်မှုရှိတဲ့သူဟာ ဆွဲဆောင်မှုတစ်ခုခုရှိနေတတ်ပါတယ်။ ယုံကြည်မှုမဲ့နေသူတွေပုံစံမျိုး လုံးဝမဟုတ်ပါဘူး။ ထူးခြားနေပါတယ်။ ဘယ်အရာကိုလုပ်လုပ် ယုံကြည်မှုရှိရှိလုပ်ဆောင်ပါ။ ဒီလိုဆို ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ သူငယ်ချင်းသစ်၊ မိတ်ဆွေသစ်တွေကလည်း ကိုယ့်ကို သူတစ်ပါးတွေလို ဆက်ဆံမှာမဟုတ်ပဲ ထူးထူးခြားခြားဆက်ဆံလာကြပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top