iMyanmarHouse.com - Best Property Website for Myanmar
×










အသည်းကွဲနေတဲ့ ကိုကို၊ မမတွေအတွက် ခံစားရတဲ့ဝေဒနာတွေ သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။
ပထမဆုံးအနေနဲ့ သင့်အိပ်ယာဘေးက နှစ်ယောက်သားရိုက်ထားတဲ့ ဓာတ်ပုံ stand လေးကို သိမ်းပစ်လိုက်ပါတော့။ နောက်တစ်ချက်တော့ ဖုန်းနဲ့ ခပ်ဝေးဝေးနေပါ။ ဒါကတော့ အလွယ်ကူဆုံးအချက်တွေပေါ့။ နောက်ထပ်ပြောပြပေးချင်တဲ့ အရာတွေကတော့

၁။အရင်ကလို ဖုန်းခေါ်တာတွေ၊ message ပို့တာတွေ မရှိနိုင်တော့တဲ့အတွက် အဲ့ဒီလိုအချိန်တမ်းတနေမယ့်အစား သင်အရင်က စိတ်ဝင်တစားလုပ်လေ့ရှိတဲ့ အရာတစ်ခုခုကို ပြောင်းလုပ်လိုက်ပါ။ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ ပန်းပင်လေးတွေ စိုက်တာပဲဖြစ်ဖြစ်၊ အိမ်က ကြောင်လေးနဲ့ အတူတူဆော့တာပဲဖြစ်ဖြစ်ပေါ့။

၂။ကိုယ်ချစ်ရတဲ့သူ၊ သံယောဇဉ်တွယ်ရတဲ့သူ ဆုံးရှုံးသွားပြီဆိုတဲ့ အသိနဲ့ ၀မ်းမနည်းပါနဲ့။ သင့်အတွက် သင့်တော်တဲ့သူတစ်ယောက် ပေါ်လာဦးမှာပါ။ ခုလောလောဆယ်တော့ သင့်စိတ်ကို တည်ငြိမ်သွားအောင် တရားမှတ်ပါ။ ၀င်လေထွက်လေ မှတ်ပါ။ ဒါတကယ်သက်သာတဲ့ နည်းလမ်းပါ။

၃။ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့။ စိတ်ကို သက်သက်သာသာထားပါ။ သင်အရင်က လုပ်ချင်ခဲ့ပေမယ့် မလုပ်ဖြစ်တဲ့ အရာတွေကို အာရုံလွှဲပါ။ သင်တန်းတစ်ခုခု တက်တာကလည်း သင့်အတွက် ကောင်းပါတယ်။

၎။အချိန်တွေကို အပိုမထားပါနဲ့။ ငိုင်နေဖို့ အချိန်မရှိဖို့ ဂရုပြုပါ။ အလုပ်ကို ပိုအာရုံစိုက်ပါ။ စာသင်နေတဲ့သူဆိုရင် စာကို ပိုအာရုံစိုက်ပါ။ တစ်ဖက်မှာ ဆုံးရှုံးသွားတယ်လို့ ခံစားမိရင် တစ်ဖက်မှာ သင့်အတွက် အကျိုးကျေးဇူးကောင်းကောင်းရရမယ်ဆိုတဲ့ စိတ်ထားပါ။

၅။အချစ်သီချင်းတွေ နားမထောင်ပါနဲ့။ နားထောင်မိလို့ ငိုချင်တဲ့အခါ လုံးဝငိုချလိုက်ပါ။ အော်ငိုချင် ငိုလိုက်ပါ။ ဒါပြီးရင် သင့်စိတ်သက်သာသွားပါလိမ့်မယ်။

၆။သင့်ခံစားချက်တွေကို တစ်ခြားတစ်ယောက်ကို ဖွင့်ပြောပါ။ မပြောချင်ရင် ဒိုင်ယာရီရေးပါ။ ကဗျာလေးတွေရေးရတာကြိုက်ရင် ကဗျာရေးပါ။ တစ်ချိန်မှာ ဒါတွေဟာ သင့်အတွက် ပြန်ပြုံးစရာ ဖြစ်လာပါလိမ့်မယ်။

၇။မိသားစု၊ အပေါင်းအသင်းကို အချိန်ပေးပါ။ တစ်ယောက်တည်း နေတာထက် သူတို့နဲ့ထိတွေ့နေလိုက်တာက သင့်အတွက် ပိုကောင်းပါတယ်။ အထီးကျန်ဆန်စွာ မနေပါနဲ့။

၈။ရည်မှန်းချက်တစ်ခုခုထားပါ။ ငါတစ်ချိန် ဘာဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ထားပါ။ လမ်းခွဲလိုက်တဲ့ အကြောင်းအရာကိုချည်း စဉ်းစားမနေပါနဲ့။ အနာဂတ်ဟာ သင်ကိုယ်တိုင်ပုံဖော်ထုဆစ်ရမှာပါ။
၁၀။အပျော်အပါးဘက်ကို တစ်ချက်လှည့်ပါ။ အရင်တုန်းက နှစ်ယောက်သားသွားဖူးတဲ့ နေရာတွေ သွားတာမျိုးထက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေကြည့်ပါ။ တစ်ကိုယ်ရည်ဘ၀မှာ ပျော်စရာတွေရှိတယ်ဆိုတာ သင်သိလာပါလိမ့်မယ်။

၁၁။အမှတ်တရ နေ့စွဲတွေ၊ လက်ဆောင်ပစ္စည်းတွေ သိမ်းထား မှတ်ထားတာမျိုး မလုပ်ပါနဲ့။ သူများကိုပေးရင်ပေး၊ မပေးရင်း လွှင့်ပစ်လိုက်ပါ။ တစ်ကြည့်ကြည့်လုပ်နေလည်း အပိုပဲဆိုတာ သိထားပါ။

၁၂။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အိမ်ထဲမှာလုပ်ရင်လုပ်၊ မလုပ်ရင်လည်း GYM သွားဆော့လိုက်ပါ။ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ပြီး သင့်ဘ၀ပိုမိုလှပလာအောင် ကြိုးစားပါ။

၁၃။အိမ်ထဲမှာချည်းနေတာထက် လေကောင်းလေသန့် ပုံမှန်ရှုရှိုက်ပေးဖို့ လိုပါတယ်။ ဆိုလိုချင်တာက အိမ်အပြင်ထွက်ပါ။ အပြင်လောကကြီး ဒီအတိုင်း လည်ပတ်နေတယ်ဆိုတာ သတိပြုမိပါစေ။

၁၄။ Facebook မှာ စာတွေတင်၊ ပုံတွေတင်ပြီး အသည်းကွဲနေတယ်ဆိုတာ လူမသိပါစေနဲ့။ သူ့account ကိုလည်း သွားကြည့်မနေပါနဲ့။

၁၅။စာအုပ်တစ်အုပ် အမြဲစောင်ထားပါ။ အချိန်အားတာနဲ့ စာအုပ်ထုတ်ပြီး စာဖတ်ပါ။ လွမ်းဆွေးဖို့ အချိန်မထားပါနဲ့။

၁၆။ကျန်းမာရေးအတွက် အချိန်ပေးပြီးရင် အလှအပအတွက်လည်း အချိန်ပေးပါ။ အပြောင်းအလဲဖြစ်အောင် ရှော့ပင်ထွက်တာ၊ အရင်ထက် ပိုနုပျိုအောင်နေတာမျိုးတွေက သင့်အတွက် ကောင်းကျိုးတွေချည်းပါပဲ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့
သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top