iMyanmarHouse.com - Best Property Website for Myanmar
×

 










ဒုတိယ တေးစီးရီးကို ထုတ်ဝေ ထားသည့် အဆိုတော် ဇေရဲက ဂီတဆု ရရှိထားသည့် သူငယ်ချင်းများကို အားကျကြောင်း ပြောသည်။ ဂီတဆု တွေရ ကြတာကို ကျွန်တော် အားကျခဲ့ဖူး ပါတယ်။ ဆုယူ သွားတာလည်း ကျွန်တော့် သူငယ်ချင်း တွေပါပဲ။ လက်ပွန်း တတီးနေတဲ့ သူငယ်ချင်းတွေ ပါပဲ။ ကျွန်တော်လည်း တကယ့်ကို အားကျခဲ့တာပါ။

ဒါပေမဲ့ လည်း ကျွန်တော်က ဘာမှတော့ မမျှော်မှန်း ရဲပါဘူး။ ဒါက ပရိသတ်က ပေးတဲ့ ဆုပါပဲ။ ပရိသတ်ပဲ ဆုံးဖြတ်ပါ လိမ့်မယ်။ ကျွန်တော်က အားကျနေရုံက လွဲပြီး ဘာမှ မရှိပါဘူး။ အခုမှ ဆုတွေပေးတယ် ဆိုပေမယ့် နောက်ကျတယ် လို့တော့ ကျွန်တော် မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အရင်တုန်းက မလုပ်ခဲ့ဘူး အခု လုပ်လာ တာတဲ့ အခါ ကျတော့ ကျွန်တော် ပိုပြီး ကြိုးစားချင်စိတ်ရှိ တာပေါ့။ ကျွန်တော်က တော့ ပရိသတ်ကိုပဲ ပေးထားတယ်။ ပရိသတ်က ပြန်ပြီးတော့ ဇေရဲ အခွေက မိုက်တယ်။ ဆိုပြီးတော့ ပြန်ကြားရရင် ပီတိ ဖြစ်ဖို့ကောင်းပါတယ်။

 ပိုကြိုးစား ချင်စိတ်ရှိ လာတယ်ပေါ့ နော်။ ပရိသတ်ကိုပဲ အကဲဖြတ် သုံးသပ် စေချင်တယ်။ လိုအပ်တာ ရှိရင်လည်း ဝေဖန်လို့ရပါတယ်။ ကျွန်တော် ကတော့ ဂီတဆု ကိုတော့ မမျှော်မှန်းရဲ ပါဘူး။ အားကျပါတယ် ဟု ဇေရဲက ပြောသည်။ ဇေရဲသည် ဒုတိယ တစ်ကိုယ်တော် တေးစီးရီး ဖြစ်သည့် “i,mE,my,mINe ”ကို ထွက်ရှိ ထားကြောင်း ပြောသည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top