iMyanmarHouse.com - Best Property Website for Myanmar
×









ပိတ်ကြပ်လွန်းတဲ့ ကားတွေကို နေ့စဉ်တိုးစီးပြီး ရုံးသို့ သွားရတယ်။
ရုံးရောက်မှ ကော်ဖီ ထုပ်လေးကို ဖျော်သောက်ရင်း တစ်နေ့တာ အတွက် အလုပ်တွေကို စတင်၍ လုပ်ရပါ တော့တယ်။ နေ့လည် ရောက်သော်လည်း ဈေးအချိုဆုံး လမ်းဘေးဆိုင် လေးမှာ ဝင်ရောက်စား ရပါတယ်။

ဒီလိုနဲ့ တစ်လကုန်တော့ ရတဲ့လစာတည်းမှ အဆောင်လခပေး၊ လိုချင်တဲ့ အဝတ်အစားလေး ဝယ်လိုက်တော့ လက်ထဲ ငါးထောင် တန်လေး နှစ်ရွက်မျှသာ ကျန်ခဲ့ပါတယ်။ အဲလိုဘဝမျိုးနဲ့ ရပ်တည်လာတာ ၃ နှစ်တောင် ပြည့်တော့မှာ ဖြစ်လို့ ဘာမှ မယ်မယ်ရရ ဆုဆောင်း မရရှိသေးပါဘူး။

အလုပ်ခွင် တစ်ခုမှာ မန်နေဂျာ ရာထူးမှ မဟုတ်ရင် လစာကောင်းကောင်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ ရရှိတဲ့ လစာလေး ကလည်း လူတစ်ယောက် ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ ငွေကြေး မဟုတ်တော့ အခက်ကြုံ ရပါတယ်။ သို့သော်လည်း ဒီလို ခံစားချက် တွေဟာ တစ်ဦး တစ်ယောက်တည်း မဟုတ် လူ ၁၀၀ မှာ ၅၀ လောက် ခံစားနေ ရပါတယ်။

Credit : yoyarlay

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top