iMyanmarHouse.com - Best Property Website for Myanmar
×










အန်ဂျလီနာ ဂျိုလီ နဲ့ ဘရတ်ပစ်တို့ လင်မယားဟာ သူတို့ ကလေးတွေရဲ့ အင်တာနက် သုံးစွဲမှု ကို စောင့်ကြည့်နိုင်ဖို့ လုံခြုံရေးအဖွဲ့တစ်ဖွဲ့ကိုငှားရမ်းထားတယ်လို့ သိရပါတယ်။ သူတို့ လင်မယားမှာ အသက် ၆ နှစ် ကနေ ၁၃ နှစ် ကြား အရွယ် ကလေး ၆ ယောက်ရှိပါတယ်။

အန်ဂျလီနာ ဂျိုလီ က People မဂ္ဂဇင်းကို ပြောကြားခဲ့တာတော့ သူတို့ကလေးတွေရဲ့ Social မီဒီယာနဲ့ အခြား အင်တာနက်အသုံးပြုမှုတွေကို စောင့်ကြည့်ဖို့ ဆိုင်ဘာလုံခြုံရေးအဖွဲ့ငှားထာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း Sony ရဲ့ hack လုပ်ခံရမှုမှာ သားကောင် ဖြစ်နေရတဲ့ ဂျိုလီက အပြင်လောကကြီးဟာ ကြောက်ဖို့ကောင်းတဲ့အတွက် သူမရဲ့ ကလေးတွေကို လုံခြုံစေချင်တာဖြစ်တယ်လို့ ဆိုပါတယ်။ အင်တာနက် လုံခြုံရေးနဲ့ ပတ်သက်ပြီး အနည်းငယ် နားလည်ထားတဲ့ ဂျိုလီကို သူမရဲ့ ခင်ပွန်း ဘရတ်ပစ်က သူမရဲ့ ရုပ်ရှင်အသစ် ဖြစ်တဲ့ “Unbroken” အတွက် အရောင်းမြှင့်တင်ရေးမှာ ကူညီပေးနေတယ်လို့ သိရပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top