iMyanmarHouse.com - Best Property Website for Myanmar
×














ပရိသတ်အချစ်တော် သက်မွန်မြင့်က အခုဆိုရင် သားဦးလေးကိုယ်ဝန်လွယ် ထားရတာ ငါးလရှိသွားပြီ လို့သိရပါတယ်။ ကိုယ်ဝန် ရင့်လာပြီဖြစ်တဲ့အတွက် ဇာတ်ကားရိုက် ကူးမှုတွေကို ရပ်နားထားပြီး ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ရင်သွေးလေးကိုပဲ အချိန်ပေးပြီးဂရုစိုက်ဖြစ်နေတယ်လို့ သက်မွန် မြင့်ကဆိုပါတယ်။ “တကယ်တမ်းကျတော့ ကိုယ်က သမီးဦးလေးလိုချင်တာ ခုတော့ သား လေးဆိုတော့ချစ်တာပါပဲ။ဘာပဲဖြစ်ဖြစ် ကိုယ့် ရင်သွေးလေးဆိုတော့ချစ်တာပါပဲ။ သမီးလေး ကိုတော့ ပိုပြီးသဘောကျ တယ်လိုချင်တယ် ဆိုတဲ့ သဘောပါ။ 

ချစ်တာကတော့ မပြောင်းလဲပါဘူး။ကိုယ့်ဆီမှာရင်သွေး လေးရှိတဲ့အတွက် ဒီရင်သွေးလေးအပေါ် စိတ်ကူးယဉ်တယ်။ သားဦးဆိုတော့ ရင်ခုန်နေတယ်။ပြီးတော့ နည်း နည်း စိတ်လှုပ်ရှားတာတော့ ရှိပါတယ်။ရင်သွေးအပေါ် စိတ်ကူးထားတာတွေရှိပါ တယ်။ အခုမှ ဗိုက်ထဲမှာ ပဲ ရှိသေးတယ်ဆိုတော့ သူဘယ် လိုပုံစံမျိုးလေး ဖြစ်မလဲ သူ့ရဲ့ စိတ်ဓာတ်၊ စိတ်ထားတွေက ဘယ်လို ဖြစ်လာမလဲတွေးနေရပါတယ်။ 

ခုချိန်မှာတော့ ကိုယ်ဝန်နဲ့ဆို တော့ သွားရလာရတာတွေ သတိထားနေရ ပါတယ်။ အထိုင်အထတို့ သတိထားရတယ်။အလေးအပင်မမရဘူးဆိုတော့ပိုပြီးတော့ သတိ ထားရတာပေါ့။ ကိုယ်ဝန်ရှိခါစက နေမကောင်း ဖြစ်တော့ နည်းနည်းအခက် အခဲဖြစ်တာပေါ့။ အခုတော့ကောင်းသွားပါပြီ။ကိုယ့်ဆီမှာ ရင်သွေး လေးရှိတဲ့အတွက် အရာရာဂရုစိုက်နေရပါတယ်။

မွေးဖွားချိန်ကတော့သင်္ကြန်ထဲမှာ ဖြစ်လောက် ပါ တယ်။ သက်မွန်ကလေးမွေးတဲ့ အချိန်ထိ တော့ အနုပညာလုပ်ငန်းတွေနဲ့ နည်းနည်း အဆက်ပြတ်ရမှာဖြစ်တဲ့အတွက် ပရိသတ်တွေ က သက်မွန်ကို ဆက်ပြီး မျှော်လင့်နေ ဦးမယ်။ အားပေးနေဦး မယ်လို့ ထင်ပါတယ်” လို့ သက်မွန်မြင့်က ပြောပါတယ်။
သက်မွန်မြင့်က ကိုယ်ဝန်သုံးလ၊ လေးလလောက် မှာ ကိုယ်ဝန်နုချိန်ကိုယ်ဝန်ဆောင် မိခင်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံစံကို နေတိုးနဲ့ ရိုက်ဖြစ်ခဲ့သေးကြောင်း အမှတ်တရ အနေနဲ့ ပြောပါတယ်။

သက်မွန်မြင့်က အခုနှစ်အကယ်ဒမီပွဲကိုတော့ ကိုယ်ဝန်နဲ့ တက်ရောက်မှာဖြစ်ပြီး ဗိုက်ဖုံးအင်္ကျီကို တော့ ပြင်ဆင်နေတုန်းဖြစ်ကာ ဒီနှစ်အကယ်ဒမီ အတွက်ကိုယ့် ကိုယ်ကိုယ်အားမရဖြစ်ရသလို၊ ပရိသတ် တွေကိုလည်း တအားကြီး မျှော်လင့်မထားစေချင်ကြောင်းဆိုပါတယ်။ “ဒီနှစ်အကယ်ဒမီပွဲမှာ ဆုရဖို့ကတော့ မမျှော် လင့်ပါဘူး။ ကိုယ်ရိုက်ထားတဲ့ ကားတွေကိုလည်း သိပ်အား မရပါဘူး။ ပရိသတ်တွေကိုလည်း သိပ်ပြီးမမျှော်လင့်စေ ချင်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်နှစ်က ကိုယ်ပါတဲ့ ကားကိုသေေ သချာချာလုပ်ထားတဲ့ ကား ၂ကား၊ ၃ကား ပါတော့ အကယ်ဒမီကိုမက်ခဲ့ဖူးတယ်လေ။ အဲဒီတုန်းက လွဲဖူးကတည်းက သိပ်ပြီး မမျှော်လင့်တော့ပါဘူး။ ဒီနှစ်ကပို ပြီးတော့ မမျှော်လင့်တော့တာပါ။

ကိုယ်ပါတဲ့ ကားတွေမှာကိုယ့်ကိုယ့် ကိုယ်အားမရခဲ့ပါဘူး” လို့ သက် မွန်မြင့်က အကယ်ဒမီနဲ့ပတ်သက်ပြီး သူ့ရင်ခုန်သံကို ပြောပြခဲ့ပါတယ်။



Credit : popular myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top