iMyanmarHouse.com - Best Property Website for Myanmar
×









ရိုက်ကူးထားပြီးထွက်ရှိ ရန် ၁၀ ကားကျော်ကျန်နေသဖြင့် နှစ်လကျော်ကြာ ရိုက်ကူးရေးနားထားသည့် သရုပ်ဆောင်ဟိန်းဝေယံသည် ၂၀၁၅ နှစ်ဆန်းတွင် ဇာတ် ကားများပြန်လည်ရိုက်ကူးတော့ မည်ဟု ပြောသည်။

သရုပ်ဆောင် ဟိန်းဝေယံ သည် ယခုနှစ်အတွင်း ၎င်းတိုက် ပိုင်ဖြစ်သည့် မာန်ထက်ချီရုပ်ရှင် ထုတ်လုပ်ရေးမှ တစ်လလျှင် နှစ် ကားနှုန်းဖြင့် ဇာတ်ကားများကို ရိုက်ကူးထားသော်လည်း မထွက် ရှိသေးသည့် ဇာတ်ကားမှာ ၁၀ ကားခန့်ရှိနေသေး၍ နှစ်ကုန်အထိရိုက်ကူးရေး ရပ်ဆိုင်းထားကြောင်း ၎င်းက ဆိုသည်။
‘‘အခုလို ရပ်ဆိုင်းထားလို့ တော့ ပရိသတ်နဲ့ ဝေးကွာသွားမှာ မဟုတ်ပါဘူး’’ဟု သရုပ်ဆောင် ဟိန်းဝေယံက ပြောသည်။

၂၀၁၅ တွင် ဂီတပိုင်းကိုလုပ်ဆောင်သွားရန်စီစဉ်ထားပြီး အနုပညာနှင့်ပတ်သက်၍ ထူးထူး ဆန်းဆန်းများပြုလုပ်သွားရန် လည်းရှိကြောင်း ၎င်းကပြော သည်။ သီချင်းများသီဆိုသွားရန် ဝယ်ယူထားသည့် သီချင်းများရှိ သော်လည်း အသံမသွင်းရသေး ကြောင်း ပြောသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top