iMyanmarHouse.com - Best Property Website for Myanmar
×

အကယ်ဒမီပေးပွဲ တက်ရောက်ခဲ့သည့် မေဂရေ့စ်က လက်ရှိတွင် ပညာရေး အတွက် သင်ယူနေပြီး ကျောင်းပြီးပါက အနုပညာ အလုပ်များ ဆက်လုပ်ခွင့် ရရင် လုပ်ချင်ကြောင်း ပြောသည်။

 မေဂရေ့စ်က နောက်နှစ်နှစ် ဆိုရင်တော့ ကျောင်းပြီးပါပြီ။ အခုက သြစတြေးလျမှာ ကျောင်းတက် နေတယ်။ ကျောင်းပြီး သွားလို့ ဒီကိုပြန် လာရင် အနုပညာ အလုပ်တွေ လုပ်ခွင့်ရရင် လုပ်ချင် ပါတယ်။ မေဂရေ့စ်က တီဗီကြော်ငြာတွေ၊  မဂ္ဂဇင်းတွေပဲ ရိုက်ဖြစ်တာ များတယ်။  ဘာလို့လဲ ဆိုတော့ မေဂရေ့စ်က မြန်မာ ဇာတ်ကားကို သိပ်မကျွမ်းကျင်ဘူး။ ကားရိုက်ရတာ နည်းနည်းခက် တာပေါ့။ အိုက်တင်ပိုင်း မှာလည်း အတွေ့အကြုံ သိပ်မရှိဘူး။

ကျွမ်းကျွမ်း ကျင်ကျင်လည်း သိပ်မရှိဘူးလေ။ ရိုက်တော့ ရိုက်ချင်တယ်။ တိုက်ဆိုင် လာရင် ရိုက်ဖြစ်မယ် ထင်ပါတယ်။ အရင်ရိုက် ထားတဲ့ ကားတွေက မြန်မာစာ သိပ်မကျွမ်းတဲ့ အခါ ကျတော့ ဒိုင်ယာလော့ခ်တွေ ကျက်ရတာ ခက်တယ်။ ကားရိုက်မယ့် နေ့ကျမှပဲ မင်းသားနဲ့ ဒါရိုက်တာက သင်ပေးရတယ်။ အားလုံး ကလည်း ၀ိုင်းပြီးတော့ သင်ပေးကြ ပါတယ်။ မေဂရေ့စ်က ဇာတ်ကားတွေ ဆိုရင် ဟောလီးဝုဒ်ကားတွေပဲ ကြည့် ဖြစ်တယ်။ သရဲကားတော့ မကြိုက်ဘူး။ ကျန်တဲ့ ဇာတ်ကားတွေတော့ ကြိုက်ပါတယ် ဟု မေဂရေ့စ်က ပြောသည်။ မေဂရေ့စ်သည် အကယ်ဒမီ ပေးပွဲကို ဒုတိယ အကြိမ် တက်ရောက်ခြင်း ဖြစ်ပြီး ပျော်ရွှင်ကြောင်းလည်း ပြောသွားခဲ့သည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top