iMyanmarHouse.com - Best Property Website for Myanmar
×















အချိန်ကြာလာသည်နှင့်အမျှ အဆစ်အမြစ်များ နာကျင်ခြင်းမှာ အသက်အရွယ်ကြီးရင့်လာခြင်း၏ သဘာဝလက္ခဏာများဖြစ်သည်ဟုလက်ခံရမည့် အချိန်ကို ကျွန်ုပ်တို့စတင် ကြုံတွေ့လာရသည်။

အဆစ်နာကျင်ခြင်း ဖြစ်စေနိုင်သော အကြောင်းရင်းများစွာ ရှိသည်။ သို့သော် ခန္ဓာကိုယ်က နာကျင်မှုကို ခံစားရခြင်းမှာ အကူအညီလိုအပ်နေပြီဟု အသိပေးခြင်းဖြစ်ကြောင်း အမှတ်ရရန် အရေးကြီးသည်။
ဆေးဝါးများဖြင့် နာကျင်မှုကို ပျောက်ကင်းအောင်လုပ်နိုင်သော်လည်း ခန္ဓာကိုယ်အတွက် အမှန်တကယ် အထောက်အကူပြုစေရန် နာကျင်ခြင်းဖြစ်စေသည့် အကြောင်းရင်းကို အသေအချာခွဲခြားသိရှိရန် လိုအပ်ပြီး နာကျင်မှု ပျောက်ကင်းအောင် မှန်ကန်သောနည်းလမ်းဖြင့် ကုစားသင့်သည်။

ဒဏ်ရာရခြင်း၊ ထိခိုက်မိခြင်း (သို့မဟုတ်) ရောင်ရမ်းမှုများကြောင့် ခန္ဓာကိုယ်အရိုးအဆစ်များ ထိခိုက်မိပါက နာကျင်မှုဒဏ်ကို သင်ခံစားရမည်ဖြစ်သည်။ အဆစ်များ နာကျင်မှုကို ခန္ဓာကိုယ်၏ဖိအားများသည် ပခုံး၊ တံတောင်၊ တင်ပါးနှင့် လက်ကောက်ဝတ်များတွင်သာ အချိန်အများစုရှိနေပြီး နှစ်ကြာလာသောအခါ အသက်ကြီးသူများ၌ နာကျင်မှုကြုံတွေ့လာရသည်။
နာကျင်မှု ကင်းဝေးသည့် ဘ၀ကိုပိုင်ဆိုင်နိုင်ရန် လုပ်ဆောင်ရမည့် ရိုးရှင်းသော နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

သင်၏လေ့ကျင့်ခန်းလုပ်သည့် ပုံစံ၊ ထိခိုက်ဒဏ်ရာရမှု၊ အိပ်ရာနှင့် သင်၏အလုပ်နေရာတို့ကို လေ့လာကြည့်ရှုမှု စတင်လုပ်ကိုင်ပါ။
နာကျင်မှု ထပ်ကာထပ်ကာ ဖြစ်ပွားပုံကို ခွဲခြားသိရှိနိုင်ရန် ကူညီ မည့် နေ့စဉ်မှတ်တမ်းထားရှိပြီး နာကျင်မှုကို စောင့်ကြည့်လေ့လာပါ။

ဖိအားပေးခံရသည့် ပမာဏကို အကဲဖြတ်ပါ။ ပေါ့ပါးသော လေ့ကျင့်ခန်းများ လုပ်ခြင်း၊ ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းတို့ကဲ့သို့ စိတ်ဖိစီးမှု သက်သာစေမည့် လှုပ်ရှားမှုမျိုး လုပ်ပါ။
အကယ်၍ ဆက်လက်နာကျင်နေသေးပါက သံလိုက်များဖြင့် ကုသသော ခေတ်မီကုသနည်းအချို့ကို ရွေးချယ်နိုင်သည်။

အဆစ်အမြစ်နာကျင်ခြင်းကို ထိန်းချုပ်ရာတွင် သံလိုက်ကုထုံးမှာ အစွမ်းထက်သည်။ သံလိုက်ပါသော ကျပ်စည်းကို ဒူးခေါင်းတွင် စည်းထားပေးခြင်းက အဆစ်အမြစ်ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပြီး အဆစ်များ ရောင်ရမ်းမှုကို လျော့သွားစေနိုင်သည်။
ရေဓာတ်ခန်းခြောက်မှုမှာ အဆစ်အမြစ်နာကျင်ရခြင်း၏ သတိမမူမိသော အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။

သံလိုက်ဓာတ်ဖြတ်ထားသော ရေကိုသောက်သုံးပေးခြင်းက အဆစ်နာကျင်မှုကို သက်သာစေနိုင်သည်။
အချိန်ကြာ ခန္ဓာကိုယ်အနေအထား မူမမှန်ခြင်းကြောင့် အဆစ်များကို ထိခိုက်နိုင်သည်။ မောပန်းအားအင်ကုန်ခန်းခြင်း၊ အိပ်စက်ပုံအနေအထား မမှန်ခြင်း၊ အလုပ်တွင် ကွန်ပျူတာရှေ့၌  အချိန်အကြာကြီးထိုင်ခြင်းနှင့် ခရီးသွားလာမှုများပြားခြင်းကြောင့် ခန္ဓာကိုယ်အနေအထားမူမမှန် ဖြစ်တတ်သည်။

 ပေါ့ပေါ့ပါးပါး ခြေဆန့်လက်ဆန့်လုပ်ပေးခြင်းဖြင့် ကိုယ်အနေအထားပုံမှန်ဖြစ်စေရန် အထောက်အကူဖြစ်စေနိုင်သည်။ ယင်းသို့လုပ်ပေးခြင်းဖြင့် နောက်ကျောနာခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ကို သက်သာစေမည်ဖြစ်သည်။
  ဒေါက်မြင့်ဖိနပ်များနှင့် ဖိနပ်အကျပ်များ စီးခြင်းကြောင့် ခန္ဓာကိုယ် ဟန်ချက်ညီမှုကို ထိခိုက်စေပြီး အဆစ်များအပေါ် ဖိအားများလာစေနိုင်သည်။

 Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top