iMyanmarHouse.com - Best Property Website for Myanmar
×










တစ်နေ့ တော့ဆရာမတစ်ယောက်က သူ့ ကျောင်းသားကို အရုပ် သုံးရုပ်ကို ပြပြီး အဲဒီအရုပ်သုံးရုပ်မှာ ရှိတဲ့ မတူညီတဲ့ အချက်တွေကို ရှာခိုင်းတယ်။ အရုပ်သုံးရုပ်လုံးက အရွယ်အစားရော၊ ပုံစံရော၊ အသုံးပြုထားတဲ့ ပစ္စည်းရောက တထပ်တည်းတူတယ်ထင်ရတယ်။
သေသေချာချာ ကြည့်ပြီးတဲ့နောက်မှာတော့ ကျောင်းသားလေးဟာ အရုပ်မှာရှိနေတဲ့ အပေါက်လေးတွေကို သတိပြုမိတယ်။ ပထမအရုပ်ရဲ့ နားရွက် နှစ်ဖက်မှာ အပေါက်လေးတွေရှိတယ်၊ ဒုတိယအရုပ်မှာတော့ နားရွက်တစ်ဖက်နဲ့ ပါးစပ်မှာ အပေါက်တွေပါပြီး၊ တတိယအရုပ်မှာတော့ နားရွက်တစ်ဖက်တည်းမှာပဲ အပေါက်လေးတစ်ခု ပါနေတယ်။

ဒါနဲ့  ကျောင်းသားလေးက အပ်ကိုယူပြီး ပထမအရုပ်ရဲ့ နားတစ်ပေါက်ထဲကို အပ်ကို ထည့်လိုက်တယ်။ အဲဒီအပ်ဟာ အရုပ်ရဲ့  ကျန်တဲ့ နားတစ်ဖက်ကနေ ပြန်ထွက်လာတယ်။ ဒုတိယအရုပ်ရဲ့ နားပေါက်ထဲကို အပ်ကို ထည့်လိုက်တဲ့ အခါမှာတော့ အဲဒီအပ်ဟာ အရုပ်ရဲ့ ပါးစပ်ပေါက်ကနေ ပြန်ထွက်လာတယ်။ တတိယအရုပ်ရဲ့ နားထဲကို အပ်ကို ထည့်လိုက်တဲ့အခါမှာတော့ အပ်က ပြန်ထွက်မလာတော့ဘူး။

ပထမအရုပ်က ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ကျွန်မတို့ ပြောစကားတွေကို စိတ်ဝင်တစားနားထောင်ပြီး ကျွန်မတို့ ရဲ့ ကိစ္စ အ၀၀ကို ဂရုစိုက်နေတဲ့သူတွေကို ကိုယ်စားပြုနေတယ်။ ဒါပေမယ့် ကျွန်မတို့ ပြောတာတွေကို နားထောင်ပြီးတဲ့အချိန်မှာတော့ အပ်က တစ်ခြားနားတစ်ပေါက်ကနေထွက်လာသလိုပဲ ကျွန်မတို့ ပြောတဲ့စကားတွေဟာလည်း သူ့ ရဲ့ ကျန်တဲ့ နားတစ်ဖက်ကနေ ပြန်ထွက်လာတယ်။ ဒါကြောင့် ကျွန်မတို့ ကို ဂရုတစိုက်မရှိတဲ့ လူတွေနဲ့ စကားပြောတဲ့အခါမှာ သတိထားဖို့  လိုပါတယ်။

ဒုတိယအရုပ်ကတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ကျွန်မတို့ ပြောစကားတွေကို နားထောင်ပြီး ကျွန်မတို့ ရဲ့ ကိစ္စ အ၀၀ကို ဂရုစိုက်နေတဲ့သူတွေကို ကိုယ်စားပြုနေတယ်။ ဒါပေမယ့် ဒုတိယအရုပ်လေးရဲ့ ပါးစပ်ပေါက်ကနေ အပ် ပြန်ထွက်လာသလိုပဲ သူ့ ကိုပြောလိုက်တဲ့ စကားတွေကို သူများတွေကို လျှောက်ပြောပြီး ကျွန်မတို့ ရဲ့ လျှို့ ဝှက်ကိစ္စတွေကိုလည်း ပေါက်ကြားစေတယ်။

တတိယအရုပ်မှာတော့ အပ်ကထည့်ပြီးတဲ့အခါမှာ ပြန်ထွက်မလာတော့ဘူး။ ဒီလိုလူမျိုးဟာ သူ့ အပေါ်ထားတဲ့ ကိုယ့်ရဲ ယုံကြည်မှုကို ထိန်းသိမ်းထားမှာဖြစ်တယ်။ အဲဒီလို လူမျိုးတွေဟာ ကျွန်မတို့ ယုံကြည်စိတ်ချနိုင်တဲ့ လူတွေပဲဖြစ်တယ်။


ဒါကြောင့် ကျွန်မတို့ တွေဟာ သစ္စာရှိပြီး ယုံကြည်ရတဲ့ လူတွေနဲ့ သာ ပေါင်းသင်းဆက်ဆံရသင့်ပါတယ်။ ကျွန်မတို့ အမှန်တကယ် လိုအပ်ချိန်တွေမှာ ကျွန်မတို့ ပြောသမျှကို နားထောင်ပေးတဲ့သူတိုင်းဟာ ယုံကြည်စိတ်ချရတဲ့ လူတွေမဟုတ်ဘူးဆိုတာကို သတိပြုရပါမယ်။

Credit  : စနိုး





ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top