iMyanmarHouse.com - Best Property Website for Myanmar
×









လမ်းလျှောက်ခြင်း အပေါ် စိတ်ထားပုံချင်း ကွာခြားချက်သည် နောက်ဆက်တွဲ ကျန်းမာရေး သက်ရောက်မှု များကိုပါ ကွာခြားစေကြောင်း ပြင်သစ် နိုင်ငံတွင် ပြုလုပ်ထားသော လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ ပြင်သစ်နိုင်ငံ Grenoble School of Management က သုတေသန ပြုထားခြင်း ဖြစ်သည်။

သုတေသနတွင် ပါဝင် ကူညီသူ များကို နှစ်စု ခွဲလိုက်သည်။ နှစ်စုလုံးကို အကွာအဝေး တူတူ (၁ ဒသမ ၆) ကီလိုမီတာစီ လျှောက်ခိုင်းသည်။ ထိုသို့ လျှောက်ခိုင်းခြင်းသည် ကျန်းမာရေး လေ့ကျင့်ခန်း အတွက် ဖြစ်ကြောင်း ပထမ တစ်စုကို အသိပေးသည်။ နောက်တစ်စု ကိုကား ထိုသို့ လျှောက်ခိုင်းခြင်းသည် အပန်းပြေ သဘော သီချင်းလေး နားထောင်ပြီး ဇိမ်လေးနဲ့ လျှောက်ဖို့ ဖြစ်သည်ဟု အသိပေးသည်။

 လျှောက်ပြီး သွားချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်း အတွက်ဟု သိထား သူများသည် ပို၍ ပင်ပန်း နွမ်းနယ်ကြသလို နေ့လယ် စာကျွေးသည့် အခါတွင်လည်း သကြား ဓာတ်များသည့် အချိုအဆိမ့်များကို ပိုစားသုံးကြကြောင်း တွေ့ခဲ့ရသည်။ လမ်းလျှောက် ရသည့် အကွာအဝေးခြင်း တူတူပဲ ဖြစ်သည့်တိုင် သီချင်းလေး နားထောင်ပြီး စိတ်အေး လက်အေး လျှောက်ဖို့ဟု သိထား သူများကား လျှောက်ပြီးချိန်တွင် သိပ်မမောပန်းဘဲ လန်းဆန်း နေကြသလို နေ့လယ်စာ စားသည့် အခါတွင်လည်း ပုံမှန်လောက်သာ စားသုံးကြ ကြောင်း တွေ့ရသည်။

သို့ဖြစ်ရာ ၀ိတ်ကျချင်လို့ ကျန်းမာရေး လုပ်သူများ အနေဖြင့် ကျန်းမာရေး လေ့ကျင့်ခန်းဟု ခံယူကာ လမ်းလျှောက်ပါက လိုသည့် ပန်းတိုင် မရောက်ဘဲ လမ်းလျှောက် ပြီးသည့်အခါ ၀ိတ်တက်စေမည့် အချိုအဆိမ့်များကိုသာ ပိုစားသုံး မိနိုင်သည်ဟု စစ်တမ်းက သတိပေးသည်။

 Credit : The Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top