iMyanmarHouse.com - Best Property Website for Myanmar
×














၂၀၁၄ ထဲမှာ ထွက်မယ်လို့ ရည်ရွယ်ထားတဲ့ တေးစီးရီးခွေက ကျန်းမာရေး အခြေအနေကြောင့် ခဏတာ ရပ်တန့်ခဲ့ရတဲ့ ၂၀၁၅ ထဲမှာ တော့ ထွက်နိုင်အောင် ကြိုးစားမယ်လို့ ပြောပြလာတဲ့ မေက “အခွေက အမှန်တိုင်းပြောရင် သိပ်မပြီးသေးဘူး။ သီချင်းခွေနဲ့ပတ်သတ်ပြီး ဖြေထားဖူးတာလဲ ရှိတယ်။ ဟိုးအရင်ကတည်းက ဘာပြီးရင် ဘာလုပ်မယ်ဆိုပြီး ချိန်ပြီး လုပ်ထားတာ။ ဒါပေမဲ့ ၁ လဆေးရုံ တက်လိုက်ရတဲ့အတွက် မှန်းထားတာတွေဖြစ်မလာပဲ ကမောက်ကမတွေ ဖြစ်ကုန်ရော။ အဲ့ဒါကြောင့် မပြောပြချင်တော့တာ။ ပြောထားပြီးမှ ဖြစ်မလာရင် အရမ်းစိတ်ညစ်ရတယ်။ ပါမယ့် သီချင်းတွေက own tune တွေကြီးပဲ။ slow rock လေးတွေပါမယ်။ ပြီးတော့ pop လေးတွေပါမယ်။ ရက်ပ်သီချင်းတွေမပါဘူး။ သိပ်မဆိုတတ်တဲ့တွက် R& B မပါဘူး။ အစုံတော့လုပ်ထားတယ်။ ဒါပေမဲ့ ဒီ ၂၀၁၅ ထဲမှာ ထွက်မှာကတော့ ကျိန်းသေပါတယ်”တဲ့။

ပြီးဆုံးသွားတဲ့ ၂၀၁၃ အကယ်ဒမီနဲ့ပတ်သတ်ပြီး “အကယ်ဒမီပေးပွဲကို ရှုထောင့်ပေါင်းစုံက မျှော်လင့်ပြီး တက်ကြတဲ့သူတွေလဲ ရှိသလို အားပေးဖို့တက်ကြတဲ့ သူတွေလည်း ရှိတယ်။ ၆ ဆုပေးသွားတဲ့ အပေါ်မှာ ညီမတို့လဲ မထင်မှတ်ထားဘူး။ ပြီးပါပြီဆိုပြီး ပြောတော့ ညီမတို့လဲ အံ့သြမိတယ်။ ဒါပဲလားပေါ့။ အများကြီးပဲ ပေးလို့ရတဲ့ကားတွေ ကျန်သေးတာတော့ သိတယ်ပေါ့။ အဲ့ဒါကို ဘာလို့မပေးသွားလဲ ဆိုတာကို ညီမတို့လဲမသိဘူး။ ညီမတို့ငယ်ငယ်တုန်းကဆို တစ်ဆုပြီး တစ်ဆုကို ကြေညာသွားတာ၊ အရမ်းလဲရင်ခုန်ဖို့ကောင်းတယ်။ အဓိက ဇာတ်ဆောင်တွေဆို နောက်ဆုံးမှ ကြေညာတာလေ။ ပြီးရင် စတိတ်ပေါ်မှာ ကြည့်ရင်လဲ ဆုရတဲ့သူတွေ အများကြီးနဲ့ ပိုမြိုင်သလို ခံစားရတယ်။ ဒီနှစ်ကတော့ ခြောက်ခြောက်ကပ်ကပ်ကြီး ဖြစ်နေသလားလို့ အဲ့လိုတော့ ခံစားရတယ်။”လို့ သူမက ပြောပြသွားပါတယ်။

မေဟာ လက်ရှိမှာ 4 Sister United  ဆိုတဲ့ ကားကို ကိုခန့်၊ ယုသန္တာတင်၊ ရွှေပိုးအိမ်၊ ဆုမြတ်နိုးဦးတို့နဲ့ အတူ ရိုက်ကူးနေပြီး စိတ်မနှံ့တဲ့ကောင်မလေး နေရာကနေ သရုပ်ဆောင် ထားပါတယ်လို့သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top