iMyanmarHouse.com - Best Property Website for Myanmar
×










လောကကြီးမှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကြုံသမျှ ပြသာနာကို မကြောက်ပဲ ရှေ့ဆက်လျှောက်သွားဖို့လိုအပ်ပါတယ်။

ဒါပင်မဲ့ လောကကြီးမှာ လူတိုင်းလိုလို စိတ်ဓာတ်မာကြောပြီး ခံနိုင်ရည်ရှိသူတွေ မဟုတ်ပါ။ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှီသူတွေဟာ ဘယ်လိုလူမျိုးတွေလည်းဆိုတာကို တင်ပြလိုက်ပါတယ်။

၀၁. သူတပါးရဲ့ စိတ်ပိုင်းဆိုင်ရာ စိုးမိုးမူကို လက်မခံ။

သူတို့ဟာ ကိုယ့်ရဲ့ စိတ်ကို သူတပါးရဲ့ လွမ်းမိုးမူကို လက်မခံပါ။ ဥပမာ စိတ်ညစ်စရာတွေကြုံရင်တောင် သူကတော့ငါ့ကို စိတ်ရှုပ်အောင်လုပ်တယ်လို့တောင် ပါးစပ်ကမပြောပါ။
ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင်ထိန်းချုပ်ပြီး စိတ်အလိုမလိုက်ပါ။

၀၂. အပြောင်းအလဲကို လက်ခံရန်အသင့်။

သူတို့နေထိုင်နေသော လက်ရှိဘဝကို မပြောင်းလဲချင်ပါလို့ မတွေးထားပါ။ ဖြစ်လာတဲ့ကိစ္စကို အကောင်းလို့လက်ခံပြီး ဘာတွေပဲဖြစ်လာဖြစ်လာ အေးအေးဆေးဆေး ဖြေရှင်းနိုင်သူများ
ဖြစ်ပါတယ်။

၀၃. ကိုယ်ကမပိုင်သောကိစ္စကို ခေါင်းထဲမထည့်။

ကားတွေဘယ်လောက်ပဲကျပ်ကျပ် ကွန်ပျုတာက ရုတ်တရက် ပျက်ချင်ပျက် သူတို့ကတော့ စိတ်ရှုပ်မခံပါ။ သူတို့က စိတ်ဝင်စားတာကတော့ ကိုယ်က ထိန်းချုပ် ဆုံးဖြတ်နိုင်သော
ကိစ္စတွေမှာပဲ ခေါင်းကို သုံးပါတယ်။ ကိုယ်ကမပိုင်သောကိစ္စမှာ စိတ်တို ဒေါသထွက်နေရင်လည်း ဘာမှပြောင်းလဲလာမှာ မဟုတ်ပါ။

၀၄. ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်တယ်။

လူတွေက သူတပါးကို ခွင့်လွှတ်ရန်လွယ်ပင်မဲ့ ကိုယ့်ကိုကိုယ်ကတော့ ခွင့်လွှတ်ရန် ခက်ခဲသော အလုပ်တစ်ခုပါ။
ဒါကြောင့် ကိုယ့်ရဲ့အမှားကို ကိုယ်တိုင်ပင် ခွင့်လွှတ်နိုင်ရန် လိုအပ်ပါတယ်။ ဒါမှသာလျှင် ကိုယ့်ကိုကိုယ် တိုးတတ်အောင်လုပ်ဆောင်နိုင်မှာပါ။
အတိတ်မှာ ဖြစ်ခဲ့သမျှအကြောင်းကို အကောင်းပဲမှတ်နိုင်ရန် ကြိုးစားပါ။

၀၅. အတိတ်က အောင်မြင်ခြင်းကို အတိတ်မှာသာထားခဲ့ပါ။

ငယ်ငယ်တုန်းကတော့ အရမ်းတော်ခဲ့ပင်မဲ့ အခုတော့ ဘာလုပ်လုပ် အဆင်မပြေဘူးလို့ တွေးရင်တော့ လက်ရှိအခြေအနေကို သဘောမကျ စိတ်တိုင်းမကျဖြစ်နေမှာပါ။
သူတို့ကတော့ အတိတ်က အောင်မြင်ခြင်းတွေထက် လက်ရှိအောင်မြင်ရန်အတွက် အလေးထားပြီး ကြိုးစားနေကြတာပါ။

၀၆. မနာလိုမဖြစ်ပါ။

ငါက သူ့ကိုမနိုင်စရာဘာအကြောင်းရှိလို့လဲ ဆိုပြီးတွေးရင်း ကိုယ်တိုင်လည်း ကြိုးစားရင်တော့ ကောင်းပါတယ်။
ဘာကြောင့် သူချည်းပဲ အဆင်ပြေနေတာလဲလို့ တွေးနေရင်တော့ မကောင်းတော့ပါ။ သူတပါးကအောင်မြင်နေတယ်ဆိုတာ သူရဲ့ကြိုးစားမူကြောင့်ပါ။
သူကြိုးစားသလို ကိုယ်လဲကြိုးစားနိုင်ရင်အောင်မြင်နိုင်မှာပါ။ သူတပါးရဲ့အောင်မြင်ခြင်းကို အားပေးချီးမြောက်နိုင်ပါစေ။

၀၇. အိပ်ပြီဆိုရင်တော့ ချက်ချင်းမေ့။

သူတို့တွေဟာ မေ့လွယ်ကြပါတယ်။ ညအိပ်ယာဝင်ပြီဆိုရင် အားလုံးကိုမေ့ပြီးသား။ လိုအပ်တာထက်ပိုပြီး မစဉ်းစားတာက သူတို့ရဲ့အကျင့်ကောင်းလေးပါ။

အချက် (၇)ချက်ကို သေသေချာချာဖတ်ကြည့်ပါ။ ကိုယ့်မှာပြင်စရာတွေရှိရင်လည်း မြန်မြန်ပြင်နိုင်ပါစေလို့ ဆုတောင်းအားပေးနေမှာပါ။

Credit  : Chelmo Team

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top