iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ့်ချစ်သူနဲ့ သွားနေကျနေရာတွေ၊ လုပ်နေအကျအရာတွေထဲက ကွဲထွက်ပြီး နှစ်ယောက်စလုံးကို စိတ်အပြောင်းအလဲ ဖြစ်စေမယ့် အရာလေးတွေ လုပ်မကြည့်ချင်ဘူးလား။ ဘယ်သွားရကောင်းမလဲ စဉ်းစားနေတဲ့ စုံတွဲတွေအတွက် ခေါင်းမစားရအောင်ြေ ပာပြပေးချင်တာက

၁။ကိုယ်နေထိုင်တဲ့ မြို့အနီးအနားက နှစ်ယောက်စလုံး မရောက်ဖူးသေးတဲ့ မြို့တွေကို သွားရောက်လည်ပတ်ပါ။

၂။ရုပ်ရှင်အစား ပြဇာတ်၊ အငြိမ့်၊ ဖျော်ဖြေပွဲတွေ ပြောင်းကြည့်ပါ။

၃။ပျော်ပွဲစား ထွက်ဖြစ်အောင် ထွက်ပါ။ အဆောက်အဦးတွေထဲမှာချည်း အချိန်ဖြုန်းမယ့်အစား လေကောင်းလေသန့်ရပြီး ရှုခင်းလှတဲ့နေရာလေးတွေကို ပျော်ပွဲစားထွက်ပါ။

၎။GYM ဆော့ပါ။ တစ်ယောက်တည်း ဆော့ရတာနဲ့ နှစ်ယောက်အတူတူ GYM ဆော့ရတာ ပိုကောင်းပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတာပေါ့။

၅။ပြတိုက်တွေ အတူတူသွားပါ။ သမိုင်းဝင်ပြတိုက်တွေရောက်တဲ့အခါ ကိုယ်သိတဲ့အကြောင်းအရာ၊ သူသိထားတဲ့အကြောင်းအရာတွေကို ဖလှယ်ပြောဆိုကြပါ။

၆။ပန်းချီသင်တန်း၊ ပုံဆွဲသင်တန်း အတူတူ တက်ခြင်းဟာလည်း သင့်စိတ်ကို ပျော်ရွှင်မှုရရှိစေပါတယ်။

၇။မီးဖိုချောင်မှာ မုန့်တစ်ခုခုကို အတူလုပ်စားကြပါ။

၈။ တစ်ဦးကိုတစ်ဦး စာဖတ်ပြပါ။ တစ်လှည့်စီ ဖတ်ပြပါ။

၉။ကိုယ်ဖတ်ထားတဲ့ စာအုပ်အကြောင်း နှစ်ဦးသား ပြန်လည်ပြောဆိုဆွေးနွေးကြည့်ပါ။

၁၀။ တစ်ဦးရဲ့လက်ကို တစ်ဦးနှိပ်ပေးပါ။ လက်ဖ၀ါးကိုနှိပ်ပေးခြင်းဟာ အကြောအချဉ်ပြေစေတယ်လို့ ဆိုကြပါတယ်။ ကိုယ်တတ်သလောက် ကိုယ့်ချစ်သူကို နှိပ်ပေးပါ။

၁၁။နှစ်ဦးသားအတူလုပ်ချင်တဲ့ အရာတွေကို အတူတူစဉ်းစားပြီး ချရေးထားပါ။ တစ်ပတ်ကိုတစ်ခါ၊ တစ်လကိုတစ်ခါ လုပ်ဆောင်သွားနိုင်ဖို့ ကြိုးစားပါ။

၁၂။တစ်လကိုတစ်ခါ၊ တစ်နှစ်ကိုတစ်ခါ ကိုယ်မရောက်ဖူးတဲ့ နိုင်ငံတွေကို အလည်အပတ်သွားဖို့ အစီအစဉ်ဆွဲပါ။ ပိုက်ဆံအတူတူစုဆောင်းပါ။

၁၃။နှစ်ဦးသားအတူတူ ရှိနေချိန်အတွင်း ဖုန်းကို airplane mode လုပ်ထားလိုက်ပါ။ သူနဲ့ရှိတဲ့အချိန် ဖုန်းတစ်လုံးနဲ့ အချိန်ကုန်နေတာမျိုး မဖြစ်ပါစေနဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top