iMyanmarHouse.com - Best Property Website for Myanmar
×









လန်ဒန်- ဆဲလ်တစ်ခုအတွင်းသို့ ဆားအများအပြား ပို့ဆောင်လိုက်ပါက ယင်းဆဲလ်သေဆုံး
သွားကြောင်း သုတေသီများ တွေ့ရှိခဲ့သဖြင့် အိမ်သုံးဆားမှာ ကင်ဆာတိုက်ဖျက်ရာတွင် လက်နက်သစ်တစ်ရပ် ဖြစ်လာနိုင်သည်။

ဆိုဒီယမ်နှင့် ကလိုရိုက်အိုင်းယွန်းများကို ဆဲလ်များအတွင်း သယ်ဆောင်သွားခြင်းဖြင့် ကင်
ဆာဖြစ်စေသော ဆဲလ်များအလို အလျောက် ပျက်စီးမှုဖြစ်ပေါ်စေသည့် မော်လီကျူးတစ်မျိုးကို
ဖန်တီးခဲ့သော သုတေသီများက ၎င်းတို့၏ တွေ့ရှိမှုမှနေ၍ ကင်ဆာရောဂါ တိုက်ဖျက်ရေးဆေး
ဝါးသစ်များ ထွက်ပေါ်လာနိုင်သည်ဟု ပြောကြားသည်။

‘‘ဆဲလ်တစ်ခုအတွင်းသို့ စုပြုံရောက်ရှိသွားစေဖို့ ကလိုရိုက်သယ်ဆောင်ပစ္စည်းတွေက ဆဲလ်ရဲ့ မန်ဘရိမ်းထဲက ဆိုဒီယမ်လမ်းကြောင်း နဲ့ အလုပ်တွဲလုပ်တယ်ဆိုတာကို သုတေသနက ပြသနေပါတယ်’’ဟု ဗြိတိန်နိုင်ငံ ဆောက်သမ်တန်တက္ကသိုလ်မှ ပါမောက္ခနှင့် သုတေ
သန စာတမ်းပူးတွဲရေးသားသူ ဖိလစ်ဂေးလ်က ပြောကြားသည်။

‘‘ဆားနဲ့ ကင်ဆာဆဲလ်တွေ သေဆုံးစေနိုင်တယ်ဆိုတာ တွေ့ရှိ ခဲ့ပါတယ်’’ဟု ပါမောက္ခဂေးလ်က ဆက်လက်ပြောသည်။လူ၏ ခန္ဓာကိုယ်မှ ဆဲလ်များသည် ၎င်းတို့၏ ဆဲလ်မန်ဘရိမ်းများ တွင် အိုင်းယွန်း (Ions) များ အလုံအလောက် ရှိနေရေး ကြိုးစားလုပ်ဆောင်ကြသည်။ အတိမ်းအစောင်းဖြစ်ပေါ်ခဲ့ပါက ဆဲလ်များ အလိုအလျောက် သေဆုံးမှုကို ဖြစ်ပေါ်စေသည်။ ယင်းမှာ ပျက်စီးသွားသော (သို့) အန္တရာယ်ရှိသော ဆဲလ်များ ဖယ်ရှားရှင်းလင်းရန် ခန္ဓာကိုယ်က အသုံးပြုသော စနစ်ဖြစ်သည်။

သို့သော် ဆဲလ်တစ်ခု ကင်ဆာဖြစ်လာခဲ့ပါက ယင်းဆဲလ်၏ ပုံသဏ္ဌာန်ပြောင်းလဲသွားကာ ဆဲလ်များအလိုအလျောက် ပျက်စီးမှု ကို ဖြစ်စေသော အိုင်းယွန်း (Ions) များ သယ်ဆောင်ခြင်းစနစ်ပါ ပြောင်းလဲယိုယွင်းသွားသည်။

ယခုတွေ့ရှိသော မော်လီကျူးဖြင့် အိုင်းယွန်း (Ions)သယ် ဆောင်ခြင်းနည်းဖြင့် အများအားဖြင့် အဆီဓာတ်များပါဝင်သော ဆဲလ်မန်ဘရိမ်းအတွင်းသို့ ဆိုဒီယမ်အိုင်းယွန်းများကို သယ်ဆောင် ပျော်ဝင်စေနိုင်ကြောင်း သိရသည်။

မော်လီကျူး သယ်ဆောင်ပစ္စည်းဖြင့် ဆဲလ်များအတွင်းသို့ ကလိုရိုက်များစုပြုံပေးပို့ခြင်းမှာ ဆဲလ်များ အလိုအလျောက် ပျက် စီးစေနိုင်သည်ကို သက်သေပြနိုင်ခဲ့သည်ဟု လေ့လာမှုကို ပူးတွဲ ရေးသားသူ တက္ကဆက်တက္ကသိုလ်မှ ဂျွန်နသန်ဆက်ဆလာက ပြောကြားသည်။
သုတေသီများက ၎င်းတို့၏ တွေ့ရှိချက်ကို Nature Chemistry ဂျာနယ်တွင် ဖော်ပြထားသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top