iMyanmarHouse.com - Best Property Website for Myanmar
×










ဘဝနေထိုင်မှုနဲ့ ပက်သက်လို့ ၃၈ ဖြာ မင်္ဂလာထဲမှာ ယခုလို ဟောထားပါတယ်။

ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေရ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာစေ။

ဝမ်းမနည်းခြင်းသည် မင်္ဂလာ၊ မမက်မောခြင်းသည် မင်္ဂလာ၊ ဘေးမရှိမင်္ဂလာ ယင်း မင်္ဂလာ သုံးပါးကို ဆောင်က ဘဝတွင် မည်သည့် အခက်အခဲ ကြုံကြုံ စိတ်ထားခိုင်မာ၍ ချမ်းသာရသည်။

၁) မိမိ ဒုက္ခဆင်းရဲ ကြုံတဲ့အခါ လူတိုင်းကြုံတွေ့နေရတယ်ဆိုတာ သိထားဖို့ လိုအပ် ပါတယ်။ ဒ့ါအပြင် ဒါတွေဟာ တစ်ချိန်မှာ ဘာမှ မဟုတ်တော့တဲ့ အတိတ် တစ်ခု အဖြစ်သာ ကျန်ရှိမှာပါ။

၂) အကောင်းနဲ့ အဆိုးဟာ အမြဲ ဒွန်တွဲတတ်ပါတယ်။ လူတွေဟာ မကောင်းတဲ့ စိတ်နဲ့ ပို၍ မွေ့လျော်လေလေ ပိုလို့ စိတ်ဆင်းရဲရလေလေ ပါပဲ။

၃) လောကဓံလို့ ဆိုတဲ့နေရာမှာ ဆင်းရဲမှ လောကဓံမဟုတ်ပါဘူး။ ချမ်းသာခြင်းလည်း လောကဓံ တစ်ခု ဖြစ်ပြီး မိမိရဲ့ တည်ငြိမ်နေတဲ့ စိတ်ကို ဖျက်စီးနိုင်ပါသေးတယ်။ ဘယ်အခြေအနေ ရောက်ရောက် စိတ်ခိုင်နိုင်သူက လောကဓံကို ခံနိုင်ရည် ရှိပါတယ်။

၎) ပူပင်သောကဆိုတာ မိမိရဲ့ ပျော်ရွှင်စရာ အချိန်တွေကို ခိုးယူသွားတဲ့ စိတ် သူခိုင်း တစ်မျိုးပါပဲ။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ ဒုက္ခသောကတိုင်းဟာလည်း အချိန်ကာလ တစ်ခုကျော်ဖြတ်ပြီးရင် ဘာမှ မဟုတ်တော့ပါဘူး။ သောကကို ဘေးချိတ်ထားနိုင်ရင် ချမ်းသာ ပါလိမ့်မယ်။

Credit : yoyarlay

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top