iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန်အဆိုတော် အယ်လီရှာကီးစ်သည်  ဒီဇင်ဘာ ၂၇ရက်တွင် သား ယောက်ျား လေးမွေးဖွားခဲ့သည်ဟု People.com မဂ္ဂဇင်းက ဖော်ပြသည်။

ဂရမ်မီဆုများရှင် အယ်လီရှာကီးစ်နှင့် ခင်ပွန်းဖြစ်သူ ဆွစ်ဇ်ဘိဇ်တို့ ဒီဇင်ဘာ ၂၇ရက် နံနက် ၁နာရီ ၅၂ မိနစ်တွင် ၎င်းတို့၏ဒုတိယမြောက်ရင်သွေးလေး လူ့ လောကသို့ရောက်ရှိခဲ့သည်ဟု ဒီဇင်ဘာ ၂၈ ရက်၌ Instagram စာမျက်နှာမှတစ်ဆင့်ကြေညာသည်။ အယ်လီရှာကီးစ်တို့ ဇနီးမောင်နှံသည် ဒုတိယမြောက်ရင်သွေးလေးကို ဂျန်းနစ်ဇက်အလီဒင်းဟု အမည်ပေးထားကြောင်းနှင့် ကလေးငယ်မှာ ကိုယ်အလေးချိန် ၆ ပေါင် ၅ အောင်စရှိကြောင်း သတင်းက ဖော်ပြသည်။ အဆိုတော် အယ်လီရှာကီးစ်တို့ ဇနီးမောင်နှံ၏ အသက်(၄)နှစ် အရွယ်သားကြီးဖြစ်သူ အီဂျစ်ဒါဝူးအီဘာသည် ညီလေးရရှိမည့် အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်ဟု အယ်လီရှာကီးစ်က အစောပိုင်းအင်တာဗျူးတစ်ခု တွင် ပြောကြားသည်။ 

Credit  : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top