iMyanmarHouse.com - Best Property Website for Myanmar
×









အကယ်ဒမီကို ယခင်ကကဲ့သို့ အလှည့်ကျပေးခြင်းမဟုတ် ဘဲ ရုပ်ရှင်လောကသားများက ရွေးချယ်ချီးမြှင့်မည်ဖြစ်သောကြောင့် အကယ်ဒမီ၏ တန်ဖိုးပိုမိုမြင့်တက် လာကြောင်း ပြေတီဦးက ပြော သည်။

‘‘အလှည့်ကျကြီးပေးနေတာ ထက်စာရင် ကိုယ့်လောကသား တွေက ကြည့်ပြီး ဆုံးဖြတ်တဲ့အ ပေါ် ရွေးချယ်ချီးမြှင့်တာက ပိုပြီး ဖြစ်သင့်ပါတယ်။ အနုပညာကို တတ်သိနားလည်တဲ့ လောကသားတွေက ရွေးချယ်ပေးတဲ့အတွက် အကယ်ဒမီရဲ့ တန်ဖိုးလည်းပိုပြီးမြင့်တက်လာပါတယ်’’ဟု အ မျိုးသားဇာတ်ဆောင်ဆုရရှိနိုင် သည်ဟု ခန့်မှန်းပြောကြားခံရသည့် ပြေတီဦးက ပြောသည်။

၂၀၁၃ မြန်မာ့ရုပ်ရှင်ထူးချွန် ဆု ဆန်ခါတင်ဇာတ်ကားခြောက် ကားတွင် ‘‘နင်စေ ရင်’’နှင့် ‘‘အဖြူ ရောင်ရဲတိုက်’’ဇာတ်ကားနှစ်ကား ပါဝင်လျက်ရှိပြီး ယင်းနှစ်ကားစလုံးတွင် ကြိုးစားသရုပ်ဆောင်ထား သောကြောင့် မည်သည့်ကားဖြင့် အကယ်ဒမီရရှိသည်ဖြစ်စေ ကျေနပ်ကြောင်း ပြေတီဦးက ပြော သည်။

‘‘အကယ်ဒမီကတော့ ရရင် လည်း လိုချင်ပါတယ်။ ဒါပေမဲ့ မရခဲ့ရင်လည်း မရတဲ့အပေါ်မှာ ကျေနပ်နိုင်အောင် ပြင်ဆင်ထား ပါတယ်’’ဟု အကယ်ဒမီ ရင်ခုန်မှု နှင့်ပတ်သက်၍ ပြေတီဦးက ပြော သည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် ရုပ်ရှင်ဇာတ်လမ်းများကို ယ ခင်ထက် စိစစ်ရိုက်ကူးဖြစ်သော ကြောင့် ၂၀၁၄ ခုနှစ်အတွင်း ရုပ် ရှင်မရိုက်ဖြစ်သော်လည်း ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ရိုက်ကူးသွားရန် အစီအစဉ်ရှိကြောင်း ပြေတီဦးက ပြောသည်။

 ဇနီးဖြစ်သူနှင့်   ယခင်က ရုပ်ရှင်တစ်ကားရိုက်ကူးရန် စီစဉ် ထားသော်လည်း ဇနီးဖြစ်သူတွင် ကိုယ်ဝန်ရှိလာသောကြောင့် ယင်း ရုပ်ရှင်ကား    မရိုက်ဖြစ်တော့ ကြောင်း ၎င်းကဆိုသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top