iMyanmarHouse.com - Best Property Website for Myanmar
×










ခံစားနေရတဲ့ တာရှည်ပင်ပန်းမှု ဝေဒနာ သက်သာအောင် မိမိဘာသာ ပြောင်းလဲ လုပ်ဆောင် သင့်တဲ့ နည်းလမ်းတွေကို အကြံပြု လိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းရတဲ့ ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားပါ။ နေ့တိုင်း စိတ်သက်သာရာ ရအောင် လုပ်ဆောင်နိုင်ဖို့ အချိန်ပေးပါ။

၂။ အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝဝ အိပ်တာဟာ တာရှည်ပင်ပန်းမှု မဖြစ်အောင် ကူညီနိုင်တဲ့ နည်းလမ်း ကောင်းပါ။ အိပ်ချိန် အလုံအလောက် ရဖို့အပြင် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်တွေကို တိတိကျကျ သတ်မှတ်ထားပြီး အိပ်စက်တဲ့ အလေ့အထကို တည်ဆောက် လေ့ကျင့်ပါ။

၃။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန် စတင်ပြုလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးမြှင့်ပြုလုပ်သွားပါ။ ပုံမှန်အားကစား လုပ်တာဟာ တာရှည် ပင်ပန်းနေတာကို ပြေပျောက် စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ လေ့ကျင့်ခန်းတွေနဲ့ အကြောဆန့် ထုတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းစတဲ့ စိတ်အပန်းပြေ လေ့ကျင့်ခန်းတွေကို အဆင်ပြေ သလို လုပ်ဆောင်ပေးပါ။

၎။ ပုံမှန်ပဲ အလုပ်လုပ်ပါ
တချို့နေ့တွေမှာ ခန္ဓာကိုယ် အင်အားနဲ့ မမျှအောင် အလုပ်လုပ်တာမျိုးကို ရှောင်ပါ။ နေ့စဉ် ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ညီမျှတဲ့ အလုပ်ကိုသာ လုပ်ပါ။

၅။ ကျန်းမာရေးနဲ့ အညီနေပါ
ကောင်းမွန်တဲ့ အစားအသောက် စားပါ။ အရည်များများ သောက်ပါ။ ကဖင်းဓာတ်ပါတဲ့ အရည်ကို လျှော့သောက်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ ပြည့်ပြည့်ဝဝ အနားယူပါ။ ကိုယ်လက် လှုပ်ရှား အားကစားကို ပုံမှန်လုပ်ပါ။ ကိုယ်တကယ် ဝါသနာပါပြီး လုပ်ဆောင်ချင်တဲ့ ဝါသနာ အတွက် အချိန်ပေးပါ။


Credit : Myawady News

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top