iMyanmarHouse.com - Best Property Website for Myanmar
×










သရုပ်ဆောင်စိုးသူက ၂ဝ၁၅ ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားနှစ်ကားရိုက်ကူးဖို့ လက်ခံထားပြီဖြစ်ကြောင်းသိရပါတယ်။ အနုပညာနဲ့အများအတွက် အကျိုးရှိမယ့်အရာတွေကို ရိုက်ချင်တာကြောင့် ရိုက်ကူးခြင်း ဖြစ်ကြောင်းကို စိုးသူက ” ဇာတ်ကားရိုက်ဖို့အတွက် ခဏခဏလာပြောနေကြတဲ့ အ ထဲမှာ ဇွဲကောင်းတဲ့ လူတွေနဲ့ အလုပ်လုပ်ဖြစ်သွားတယ်။ သြစတြေးလျရှိုးလည်း အဲဒီလိုပဲ။ အခုလည်း ပြည်ပရှိုးတွေလည်း ဇွဲကောင်း တဲ့လူတွေ အ တွက်သွားပေးရဦးမယ်။ ဇာတ်ကားရိုက်တာလည်း ကိုမျိုးမင်းတို့နဲ့ ပြောကြဆိုကြရင်းနဲ့ အများအတွက် တိုင်းပြည်အတွက် ကိုယ့်တိုင်း ရင်း သား လူမျိုးတွေအတွက် အရှေ့တောင် အာရှအတွက်၊ ကမ္ဘာ မြေလူသားတွေအတွက် ကိုယ်တတ်နိုင်သလောက် လုပ်နိုင်တာမျိုး၊ အကျိုးရှိမယ့်ဟာကို ရိုက် ချင်တယ် ဆိုတော့ ဦးတည်ချက်တူတာနဲ့ ရိုက်ဖို့ စိတ်ကူးတာပါ။ အခုဗီဒိယိုထုတ် လုပ်ရေးတွေလုပ်နေတဲ့ ပရိုဂျူဆာ တစ်ဖွဲ့လည်းရှိ တယ်။ သူတို့ တ အား ဇွဲကောင်းတယ်။ သူတို့ကို ကိုမျိုးမင်းထက်တောင် စောပြီးစကားပြောထားတာ။ သူတို့လည်းမြန်မာ့ယဉ် ကျေးမှုနဲ့ ဘာသာရေးနဲ့ လူတွေ အတွက် အကျိုးရှိစေမယ့်အရာလုပ်ပါဆိုပြီး ရုပ်ရှင်ဇာတ်ကားကြီးတည်ထားတာလည်း ရှိ ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ဘက်က ထူးထူးခြားခြားလေး တတ်စွမ်းတဲ့ဘက်ကနေ အုတ်တစ်ချပ်သဲတစ်ပွင့် အနုပညာနဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာ အများအတွက် အကျိုးရှိစေမယ့်ဟာ ကို ဆောင်ရွက် ချင်တာကြောင့် ရိုက်ဖို့စီစဉ်ဖြစ်တာပါ” လို့ ပြောပါတယ်။

စိုးသူက ဇာတ်ကားတွေကို ၁၂နှစ်ကျော်ကြာ ရိုက်ကူးမှုကင်းဝေးခဲ့တာကြောင့် ပထမဦးဆုံး ပြန်လည် သရုပ်ဆောင်မယ့် ဇာတ်ကားတွေကို ပရိ သတ်တွေကလည်း စိတ်ဝင်တစားရှိနေပါတယ်။ အရင်တုန်းက ရိုက်ခဲ့ တဲ့ဇာတ်ကားတွေနဲ့တူမှာတော့ မဟုတ်ကြောင်းပြောပြီး သီချင်းတွေ၊ ရှိုးပွဲတွေ၊ စီးရီးခွေအတွက်လည်း လုပ်ဆောင်ဖြစ်နေ ကြောင်းပြောပါတယ်။

Credit : Popular Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top