iMyanmarHouse.com - Best Property Website for Myanmar
×









ကျွန်တော် Tadalafil 20g သောက်ပြီးတာ ၃ ရက်မြောက်ပါပြီ။ သောက်ပြီးကတည်းက ခြေထောက်တွေ မခံမရပ်နိုင်အောင် တစ်ခါတစ်ခါကိုက်ပါတယ်။ ညလည်းမအိပ်ရဘူး တအားကိုက်ပါတယ်ဆရာ။ ဘာလုပ်သင့်လဲဆိုတာ ပြောပေးပါ။

ယောက်ျားတွေမှာ လိင်ပိုင်းဆိုင်ရာအခက်အခဲ ၃ မျိုးရှိတယ်။ (၁) သုက်လွှတ်မြန်တာ၊ (၂) လိင်အင်္ဂါ သန်မှုနည်းနေတာနဲ့(၂)လိင်အင်္ဂါကိုပိုကြီးရှည်ချင်တာတွေဖြစ်တယ်။မိန်းမတွေမှာလိုလိင်စိတ်နည်းတာ
မျိုးယောက်ျားမှာ ဖြစ်ခဲတယ်။ ကဲလွန်းနေတာတော့ ရှိတယ်။

Impotenceပန်းသေပန်းညှိုးရောဂါကိုErectiledysfunction(ED)လို့ ဆေးစာနဲ့ ခေါ်တယ်။ ရောဂါအခြေ
အနေအပြော့၊ အပြင်းမတူပါ။ တချို့မှာလုံးဝလိင်အင်္ဂါ သန်မာမှုမရှိဘူး။ တချို့ကြ တခါတလေကောင်းလိုက် တခါတလေမကောင်းလိုက် ဖြစ်တယ်။ ယောက်ျားတွေလဲရှက်ကြတာဘဲ။

ဆရာဝနဆီမလာတာမနည်းလှဘူးထင်ရတယ်။ လူဘယ်လောက်မှာဒီလို ဖြစ်နေတယ် ပြောဘို့ခက်တယ်။ စာရင်းဇယားထားတတ်တဲ့ အမေရိကားမှာသန်း ၃ဝ ရှိမယ်တဲ့။ အသက်အရွယ် သိပ်မရွေး ဖြစ်နိုင်ပေမဲ့ ငယ်သူတွေမှာနည်းပြီး ကြီးသူတွေမှာအဖြစ်များတယ်။ ၄၅ ကျော်လာရင် နည်းနည်းဖြစ်ဖြစ် စကြပြီ။

(မက်ဆာချူးဆက်) အသက်ကြီးလေ့လာရေးဌာနကနေပြောတာက အသက် ၄ဝ ကျော်ရင် လုံးဝပန်းသေသူ ၅% တိုးလာပြီး၊ ၇ဝ ကျော်ရင် ၁၅% တိုးလာတယ်။ နယ်သာလန်က သုတေသနတခုအရ အသက် ၅ဝ နဲ့ ၅၄ ကြားမှာ ၂ဝ% ရှိတယ်။ ၇ဝ နဲ့ ၇၈ ကြားမှာ ၅ဝ% ရှိတယ်။

Tadalafil ဆေးဟာ PDE5 inhibitors ဆေးအမျိုးအစားဖြစ်တယ်။ ဒီဆေးအုပ်စုထဲမှာ Sildenafil
 (Viagra) နဲ့ Vardenafil (Levitra) ဆေးတွေလဲပါတယ်။ Viagra (Sildenafil) ဆေးကို ၂၇-၃-၁၉၉၈ ကစပြီး FDA ကနေခွင့်ပြုခဲ့တယ်။ Viagra ကို ရေးပြီးဖြစ်ပါတယ်။ Cialis (Tadalafil) ဆေးကတော့ ၂၁-၁၁-၂ဝဝ၃ ဖြစ်တယ်။

Cialis (Tadalafil) 20 mg ကို လိင်မဆက်ဆံမီ အစာနဲ့ နီးနီးဝေးဝေးသောက်ရတယ်။ အတိအကျ ဆိုရရင် ၁၆ မိနစ် စောသင့်တယ်။ အစွမ်းက ၃၆ နာရီအထိ ရှိနိုင်တယ်။ တနေ့ထဲမှာတခါသာသောက်သင့်တယ်။ ကျားလိင်အင်္ဂါ သန်မာမှုကိုသာမက ဆက်ဆံမှုဆက်ဆံရေးအတွက်ပါ ပိုကောင်းစေတယ်လို့ ဆေးညွှန်းကဆိုပါတယ်။

လိင်ကျန်းမာရေးအတွက် Cialis နာမည်နဲ့ရောင်းတယ်။ 2.5, 5, 10 and 20 mg ဆေးပြားတွေ လာတယ်။ အများဆုံး ပေးတာက တနေ့မှာ 10 mg ကို အတူနမဲ့အချိန်မတိုင်ခင်မှာ သောက်ရတယ်။ တနေ့မှာ 5 mg တိုးပြီး 20 mg အထိ ပေးနိုင်တယ်။ ပြန်လျှော့ရင်လဲ အဲလိုပဲ။ ၃၆ နာရီအထိ ဆေးအစွမ်းနေတယ်။ ၇၂ နာရီအတွင်းမှာ 10 mg သာ သောက်သင့်တယ်။ BPH ဆီးကျိတ်ကြီးနေသူကို တနေ့မှာ 5 mg ပေးတယ်။

Cialis ဆေးကို Weekend Pill လို့ ခေါ်ကြသေးတယ်။ ဆေး ၃ မျိုးလုံးဟာလိုရင်သောက်ပါ အမျိုးအစားတွေ ဖြစ်တယ်။ တနေ့ ၁ လုံးသောက်နိုင်တယ်ဆိုတာထူးခြားတယ်။ လိင်စိတ်ဖြစ်လာချိန်မှာ ဆေးသောက်လိုက်ရင် လိင်အင်္ဂါ သန်မာလာစေဘို့ သွေးစီးလျှောက်မှုကိုတိုးများလာစေနည်းနဲ့ အကူအညီပေးတယ်။ အဲလိုဖြစ်
လာအောင် လိင်တံ သွေးလွှတ်ကြောလေးတွေနဲ့ လိင်တံ-အသားမွတွေကို ပြေလျှော့စေတယ်။

အာရုံကြောလေးတွေအဖျားနဲ့ Endothelial cells တွေကနေ Nitric oxide ထွက်လာတာလဲ တခန်းတကဏ္ဍကနေ ပါဝင်သေးတယ်။ Phosphodiesterase type 5 (PDE5) ကိုတားဆီးပေး
တာမို့ cGMP ကိုများစေတာ ဖြစ်တယ်။ ဆေးတွေက PDE5 ကိုတားစေပေမဲ့ လိင်စိတ်နိုးဆွမှု လိုသေးတာသတိထားရမယ်။

၂ဝဝ၉ မှာTadalafil (Adcirca) 40 mg ကိုအမေရိကားနဲ့ ဥရောပမှာ၊ ၂ဝ၁ဝ မှာကနေဒါ နဲ့ ဂျပန်မှာ အဆုပ်သွား သွေးလွှတ်ကြောဖိအားတက်ခြင်းရောဂါအတွက် တနေ့တခါသောက် ခွင့်ပြုလာတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ဆေးကိုသုတေသနလုပ်တုံးက လူပေါင်း ၁၅ဝဝဝ ပါဝင်ခဲ့တယ်။ လူ ၈ သန်းမကသုံးခဲ့ပြီ။ ခေါင်းကိုက်၊ အစာမကျေ၊ ခါးနာ၊ ကြွက်သားနာ၊ မျက်နှာနီမြန်း၊ နှာခေါင်းပိတ်-နှာ
ရည်ယို။ဒါပေမဲ့၄၈နာရီကြာရင် ပျောက်ကုန်မယ်။ နောက်ပိုင်းမှာမျက်စိအကြည့်ခက်တာ တွေ့လာတယ်။
 သွေးဖိအားကျစေနိုင်တယ်။

၄၈ နာရီအတွင်း နှလုံးသွေးကြောကျဉ်းရောဂါအတွက်ပေးတဲ့ Glyceryltrinitrate ဆေးမသောက်သင့်ဘူး။ ရှားရှားပါးပါး Priapism ခေါ်တဲ့ လိင်တံ သန်မာနေတာ ပြန်မလျှော့တာလဲ ဖြစ်စေနိုင်တယ်။ ၄ နာရီနေလို့ မကျရင် အရေးပေါ် ဆေးကုသမှု ခံယူရမယ်။

Credit : Dr. တင့်ဆွေ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top