iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်များဖြစ်ကြသော လီဂျီ ဟွန်းနှင့် ဂိုအာရာတို့သည် ၂၀၁၅ တွင် ရုံတင်ပြသမည့် 'DetectiveHong Gil Dong'    ရုပ်ရှင် ဇာတ်ကား၌ ပါဝင်သရုပ်ဆောင် လျက်ရှိသည်ဟု အတည်ပြုလိုက် သည်။

ယင်းဇာတ်ကားမှာ ကိုရီး ယားလူစွမ်းကောင်းဟွန်းဂီဒုံကို အလွတ်စုံထောက်ဇာတ်ကောင် အဖြစ် ပြောင်းလဲတင်ဆက်ထား သောဇာတ်ကားဖြစ်သည်။ ဇာတ် ကားရိုက်ကူးမှုကို ဒီဇင်ဘာ လဆန်းတွင်စတင်ခဲ့သည်ဟု သိရသည်။

အလွတ်စုံထောက် ဟွန်းဂီဒုံ အဖြစ် သရုပ်ဆောင်သော လီဂျီ ဟွန်းက ယခုရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ စိတ်လှုပ်ရှားလျက်ရှိ ပြီး မျှော်လင့်ချက်များမြင့်မားနေ သည်ဟု ပြောကြားခဲ့သည်။ ဇာတ်ကားရိုက်ကူးသည့်ဒါရိုက် တာဂျိုဆောင်ဟီးကလည်း လီဂျီ ဟွန်းမှာ ဟွန်းဂီဒုံဇာတ်ရုပ်နှင့် လိုက်ဖက်မှုရှိသည်ဟု ချီးကျူးခဲ့ သည်။ သရုပ်ဆောင်မင်းသမီး ဂိုအာရာသည် ယခုဇာတ်ကား တွင် ခေါင်းဆောင်မင်းသမီးဥက္ကဋ္ဌ ဟွမ်းနေရာမှ ပါဝင်သရုပ်ဆောင် သည်ဟုသိရသည်။ 

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top