iMyanmarHouse.com - Best Property Website for Myanmar
×

ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး၊ မော်ဒယ်လ် Guahar Khan ဟာ အဝတ်အစား အတိုအပြတ်ဝတ်ဆင်မှုကို ကန့်ကွက်တဲ့ ပရိသတ်တစ်ယောက်ရဲ့ ပါးရိုက်တာခံခဲ့ရပါတယ်။

Mumbai မှာ အိန္ဒိယ Raw Star အစီအစဉ်ရိုက်ကူးချိန်အတွင်း အဲ့ဒီ သရုပ်ဆောင်မင်းသမီးကို တိုက်ခိုက်မှုကြောင့် ရဲတွေက အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

မူစလင်အမျိုးသမီးတစ်ယောက်အနေနဲ့ အရမ်းတိုပြတ်တဲ့ အဝတ်အစားတွေကို မဝတ်ဆင်သင့်ကြောင်း အဲ့ဒီ အမျိုးသားက Khan ကို ပြောပြခဲ့တယ်လို့ ကိုးကားဖော်ပြခဲ့ပါတယ်။

တနင်္လာနေ့တုန်းက Khan အား ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သူကို ရုံးတင်စစ်ဆေးမှာဖြစ်တယ်။

အဲဒီအဖြစ်အပျက်မှာ ရုပ်မြင်သံကြားရိုက်ကူးမှုအစီအစဉ် နောက်ဆုံးခန်း ရိုက်ကူးနေစဉ် အတောအတွင်း  တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တာလို့ သတင်းအစီရင်ခံစာတွေက ဆိုထားပါတယ်။

အားပေးတဲ့ ပရိတ်တွေထဲ တစ်စုံတစ်ယောက်က စနောက်ခဲ့ရာမှ စတင်ခဲ့တာဖြစ်ကြောင်း ၎င်းအဖြစ်အပျက် အသေးစိတ်အား တစ်ခုချင်းစီ မေးမြန်းမှုတစ်ရပ်က ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအမျိုးသားက သရုပ်ဆောင်မင်းသမီးအား ရုတ်တရက် ပါးရိုက်လိုက်တဲ့အချိန်မှာတော့ အခြေအနေ ပိုဆိုးသွားပါတယ်လို့ Hindustan Times မှ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာ ရောက်ရှိခဲ့တဲ့ လုံခြုံရေးတွေက ၎င်းအမျိုးသားကို ဖမ်းဆီးပြီး ရဲလက်ကို အပ်လိုက်ပါတယ်။ အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ပြုမူဆော်ကားမှုနဲ့ သူ့ကို မှတ်တမ်းတင်ထားပါတယ်။

Khan ဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ဒါဇင်ဝက်ခန့် သရုပ်ဆောင်ထားသူဖြစ်ပြီး Rocket Singh: Salesman of the Year မှာ သူမသရုပ်ဆောင်တဲ့ အခန်းကြောင့် အသိအမှတ်ပြုခံရသူလည်းဖြစ်ပါတယ်။

သူမက ပြီးခဲ့တဲ့နှစ်တုန်းကလည်း Big Brother ရုပ်မြင်သံကြားတိုက်ရိုက်တင်ဆက်မှု အိန္ဒိယဗားရှင်း Bigg Boss ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top