iMyanmarHouse.com - Best Property Website for Myanmar
×












ခေါင်းအုံးစွပ်အသစ်များတွင် (House dust Mite) မှိုများ ရှိတတ် သည့်အတွက် လျှော်ဖွပ်ပြီး မှသာ အသုံးပြုသင့်ပြီး လျှော်ဖွပ်ခြင်းမရှိဘဲ အသုံးပြုမိပါက အရေပြားဓာတ်မတည့် သည့်ရောဂါဖြစ်ပွားနိုင်ကြောင်း သိရသည်။

အဆိုပါခေါင်းအုံးစွပ်အသစ်များ မှာ များသောအားဖြင့် ကြာရှည်သိမ်း ထားတတ်ကြပြီး ယင်းတို့တွင် ဖုန် များ၊ ခိုအောင်းနေတတ်သည့် အ ကောင်ငယ်လေးများ၊ (House dust Mite) မှိုများရှိတတ်ြေ…ကာင်း၊ ယင်း တို့နှင့်ထိတွေ့မှုကြောင့် အရေပြားမှာ ယားလာတတ်ကာ အရေပြားရောဂါ များဖြစ်ပွားနိုင်ကြောင်း သိရသည်။


‘ခေါင်းအုံးစွပ်တွေကို ဝယ်ပြီးသုံး တော့မယ်ဆိုရင် များသောအားဖြင့် တော့ မလျှော်ဘဲ သုံးလိုက်ကြတာများ တယ်။ အဲဒါတွေက အခန့်မသင့်ရင် ဓာတ်မတည့်မှုကြောင့် မျက်နှာမှာ အရေပြားရောဂါတစ်မျိုးဖြစ်နိုင်လို့ သတိထားသင့်တယ်’ဟု အရေပြား အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောသည်။
ခေါင်းအုံးစွပ်အဖြစ် အသုံးပြု သော အဝတ်ဆိုးဆေးများကြောင့် လည်း ဓာတ်မတည့်ခြင်း၊ ယားယံ တတ်ခြင်း၊ အသားများနီလာခြင်း၊ ရောင်လာခြင်း၊ ပြည်တည်လာခြင်း များ ဖြစ်တတ်ပြီး မှိုပိုးရောဂါ တစ်ခု ဖြစ်သောကြောင့် ပွေးရောဂါဖြစ်လာ နိုင်တတ်ကြောင်း ယင်းကဲ့သို့ဖြစ်လာ ပါက တတ်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့်ပြသတိုင်ပင်သင့် ကြောင်း အဆိုပါ အရေပြား အထူးကု ဆရာဝန်ကဆိုသည်။

‘ကျွန်တော်က ခေါင်းအုံးစွပ်အ သစ်ကိုဝယ်ပြီးတော့ မလျှော်ဘဲ ဒီ အတိုင်းပဲ အိပ်လိုက် မိတယ်။ လေး ငါးရက်လောက်ကြာတော့ မျက်နှာ မှာ အဖုသေးသေးတွေ အများကြီး ထွက် လာတယ်။ တဖြည်းဖြည်းနဲ့ မျက်နှာတစ်ပြင်လုံးရော၊ လည်ပင်း တွေပါဖြစ်လာတယ်။ အဲဒါနဲ့ပဲ ဆရာ ဝန်နဲ့သွားပြလိုက်ရပါတယ်။ ဆရာဝန် က ခေါင်းအုံးစွပ် အသစ်ကိုမလျှော်လို့ အရေပြား ဓာတ်မတည့်တာကြောင့် ဖြစ်တာလို့ပြောတယ်။ အခုတော့ သက်သာသွားပါပြီ’ဟု ကိုအောင် မြတ်သူကပြောသည်။
ယင်းကဲ့သို့ ခေါင်းအုံးစွပ်အသစ်များသာမက အတွင်းခံအဝတ်အစားများကို ဝယ်ယူပြီး ပါက လည်း လျှော်ဖွပ်ပြီးမှသာ ဝတ်ဆင်သင့်ကြောင်း လည်း သိရသည်။

Credit : The Ladies News Journal

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top