iMyanmarHouse.com - Best Property Website for Myanmar
×










ဟောလီးဝုဒ် ကြယ်ပွင့် Johnny Depp ဟာ သူ့ရဲ့ ချစ်သူကောင်မလေး Amber Head နဲ့ နှစ်သစ်ကူးမှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။

အသက် ၅၁ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားကြီး Johnny Depp ဟာ အသက် ၂၈ နှစ်သာ ရှိသေးတဲ့ Amber Head ကို ၂၀၁၅ ခုနှစ် သို့ ကူးပြောင်းတဲ့ နှစ်သစ်ကူးနေ့မှာ ကာရစ်ဘီယံ ကျွန်းစွယ်တစ်ခုမှာ လက်ထပ်ပွဲ ကျင်းပမှာဖြစ်ပြီး Steven Tyler ၊ Marilyn Manson တို့အပါအ၀င် သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ကိုသာ ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ရှိနေပါတယ်။

သူတို့ စုံတွဲလက်ထပ်ကြမယ်လို့ ကြိုတင် စီစဉ်ထားတဲ့ Amber ကမ်းခြေမှာပဲ ပါတီပွဲ အကြီးစား တစ်ခုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။သူတို့စုံတွဲဟာ တွဲလာပြီး ၂ နှစ်ခန့် အကြာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ မှာ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top