iMyanmarHouse.com - Best Property Website for Myanmar
×










တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ဂိုအာရာသည် သရုပ်ဆောင်မင်းသားယူဆောင်း ဟိုနှင့်အတူ Joseon Magician ဇာတ်ကား၌ ပူးတွဲသရုပ်ဆောင် မည်ဟု အတည်ပြုလိုက်သည်။
‘‘ယူဆောင်းဟိုနဲ့ ဂိုအာရာ တို့ Joseon Magician ဇာတ်ကား မှာ ပါဝင်မယ်လို့ အတည်ပြုထား ပြီးပါပြီ။

အဲဒီဇာတ်ကားမှာ ယူ ဆောင်းဟိုက မျက်လှည့်ဆရာ လေးတစ်ဦးနေရာက သရုပ် ဆောင်မှာဖြစ်ပြီး ဂိုအာရာက တရုတ်နိုင်ငံကို   ပဏ္ဏာဆက်ခံရ တဲ့ ဂျိုဆွန်မင်းသမီးအဖြစ် သရုပ် ဆောင်မှာပါ။ ဒီဇာတ်ကားက တော့ ဂျိုဆွန်မင်းသမီးလေးနဲ့ မျက်လှည့်ဆရာလေးတို့ လမ်းခရီးတစ်ခုမှာ ဆုံတွေ့ပြီး မေတ္တာမျှ သွားတဲ့ အချစ်ဇာတ်ကားလေး ပါ’’ဟု ယင်းရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရေးကုမ္ပဏီ With Us Film က ဒီဇင်ဘာ ၂၁ ရက်တွင် ပြောသည်။

Joseon Magician ဇာတ် ကားသည် ယူဆောင်းဟိုအတွက် စစ်မှုထမ်းတာဝန်အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် သရုပ်ဆောင် လောကသို့ ပြန်လည်ခြေချမည့် ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ် သည်။ ယင်းဇာတ်ကားကို လာ မည့်နှစ် ဖေဖော်ဝါရီတွင် စတင် ရိုက်ကူးမည်ဟု မျှော်လင့်ထား သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top