iMyanmarHouse.com - Best Property Website for Myanmar
×










Kim Kardashian နဲ့ Kanye West တို့ လင်မယားဟာ ဒုတိယ ရင်သွေးအတွက် မျှော်လင့်နေတယ်လို့ ဆိုထားပေမယ့်လည်း အနီးစပ်ဆုံး အသိုင်းအ၀ိုင်းရဲ့ အဆိုအရတော့ သူတို့ ၂ ယောက်ဟာ ကွာရှင်းဖို့ ဦးတည်နေကြတယ်လို့ သိရပါတယ်။

အဓိက ပြသနာကတော့ အသက် ၃၇ နှစ် ရှိနေပြီဖြစ်တဲ့ ရပ်ပါကြီး Kanye West ဟာ  Kim kardashian တို့ရဲ့ မိသားစုညစာစားပွဲကို မတက်ရောက်ပဲ အားလပ်ရက်မှာ ပြင်သစ်ကို သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ သွားခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

“Kim ဟာ Khloe ရဲ့အိမ်မှာ ပြုလုပ်တဲ့ မိသားစု ညစာစားပွဲမှာ တစ်ယောက်တည်း သွားခဲ့ရတဲ့အတွက် ဒေါသထွက်နေတယ်”လို့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။

အသက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ Kim Kardashian ဟာ L.A မှာရှိတဲ့ ကွာရှင်းမှုတွေ ပြုလုပ်တဲ့ ရှေ့နေနဲ့ တိုင်ပင်နေပြီလို့ သိရပါတယ်။ သူတို့ ၂ ယောက်ဟာ ၂၀၁၄ ခုနှစ် မေလ မှာ လက်ထပ်ခဲ့ကြပြီး တစ်နှစ်အရွယ် North West ဆိုတဲ့ သမီးလေးကိုမွေးဖွားထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top